21 C
Yangon

ခင်ဦးမြို့ပေါ်ရှိ စစ်တပ်နှင့် မဒေါင်းလှပျူရွာအထိုင်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ခင်ဦးမြို့ပေါ်ရှိ စစ်တပ်နှင့် မဒေါင်းလှပျူရွာအထိုင်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ဒေါင်း လှ ပျူရွာအထိုင်စခန်း ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force – ဗိုလ်ကောက် ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ခင်ဦးမြို့ပေါ်ရှိ ဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သား များကို ဒရုန်းဖြင့် ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဆေးရုံ ရှေ့ ဘန် ကာအနီးကျရောက်ပေါက်ကွဲမှုအတွင်း စစ်ကောင်စီ တပ်သားများ ထောင် ထားသည့် မိုင်းပေါ်ကျရောက်ပါက်ကွဲကာ ထပ်ဆင့် မိုင်း ၃ လုံးပါ ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“ခင်ဦးမြို့ဆေးရုံကို ဗုံးသီး ၂ လုံးချတယ်၊ တစ်လုံးက ဘန်ကာရဲ့ဘေးမှာ ကျ တယ်၊ ဘန်ကာရဲ့ဘေးမှာ ကျတာက ကျနော်တို့ ဗုံးသီးကွဲသံအပြင် နောက်ထပ် မိုင်းကွဲသံပါကြားရတယ်၊ သူတို့ပဒေသာထောင် ထားတာလားတော့မသိဘူး၊ ထောင်ထားတဲ့မိုင်းပေါ်တည့်တည့်ကျ တာနေမှာ၊ ဗုံးသီးကွဲအသံအပြင် နောက် ထပ် မိုင်းကွဲသံ ၃ ချက်ပါ ထပ်ပြီး ကြားရတယ် အဲဒီမှာက ဘန်ကာဘေး တွေမှာ သွားလာနေ တဲ့ ခွေးတွေ၊ ချလိုက်တဲ့ ဗုံးသီးရော၊ သူတို့ရဲ့မိုင်းကွဲ ထိတာရော ၃ ကောင်သေတယ်၊ ၄ ကောင် ဒဏ်ရာရတယ်လို့ ဖရဲသီး ကနေလှမ်းပြောတယ်၊ ပုံတွေပါရထားတယ်ပြောတယ်၊ သူတို့လည်းအင် တာနက်ဖြတ် တောက်ခံ ထားရတာရယ်၊ သူတို့ရဲ့လုံခြုံရေးရယ်ကြောင့် သက်သေပုံမရတာပဲရှိတာ” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force – ဗိုလ်ကောက်ရိုးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုအပြင် ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ စုဝေးနေထိုင်ရာ မင်းသိုက်လက်ဖက် ရည်ဆိုင်ပေါ်သို့ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၈ ရက် နေ့က ခင်ဦးမြို့ပေါ်မှ ထွက်လာပြီး မဒေါင်းလှ ပျူရွာအထိုင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားများ အင်အား ဖြည့် ရောက်ရှိချိန် ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား များ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerilla Force ဗိုလ်ကောက်ရိုး အဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ Lighting Drone Force ၊ ခင်ဦးမြို့နယ်ပကဖ ၊ Future Hero ၊ ခင်ဦးမြို့နယ် တိုက်နယ် ၃ ပကဖ ၊ ဒီပဲယင်းမြို့နယ် ပကဖ နှင့် Flying Drone Force (FDF) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #EagleGuerillaForce #ဗိုလ်ကောက်ရိုးအဖွဲ့ #ကျောက်ဆည်ခရိုင်နဂါးနီတပ်ရင်း ၁ #LightingDroneForce #ခင်ဦးမြို့နယ်ပကဖ #FutureHero #FlyingDroneForce #ခင်ဦးမြို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article