မလေးရှားတွင် မြန်မာ အပါအဝင် နိုင်ငံခြားသား ၅၆၁ ဦး ဖမ်းဆီးခံရ
ရန်ကုန်| ဇန်နဝါရီ ၂၀
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ စမှုံညှင်းတွင် ပြုလုပ်ခဲ့သည့် အော်ပရာစီ အဖမ်းအဆီးတွင် လူပေါင်း ၇၅၂ဦး ကို စစ်ဆေးခဲ့ရာ အထောက်အထားမပြည့်စုံသူ နိုင်ငံခြားသား ၅၆၁ ဦးဖမ်းဆီး ထိန်း သိမ်းခံခဲ့ရကြောင်း သိရသည်။
မလေးရှားနိုင်ငံ တစ်နိုင်ငံလုံးတွင် တရားမဝင်နိုင်ငံခြားသားများကို ဆက်တိုက်ဖမ်းဆီးရာမှာ ဇန် နဝါရီ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် မလေးရှားအာဏာပိုင်များ စစ်ဆင်ရေး လုပ်ပြီး ဝင်ရောက် ဖမ်းဆီးချိန် မြန်မာနိုင်ငံသားများ အပါအဝင်နိုင်ငံခြားသား အလုပ်သမားပေါင်း ၅၆၁ ဦး ဖမ်းဆီး ခံခဲ့ရသည်။
ယင်းကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှုတွင် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိ လင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဆီယာရာလီယွန်နှင့် ကင်မရွန်းနိုင်ငံသားများဖြစ်ပြီး ဖမ်းဆီး ခံရသူများထဲတွင် အသက် ၅၅ နှစ်ကြားနှင့် သုံးလ အရွယ် ကလေးငယ်အထိ ပါဝင်ကြောင်း မလေး ရှားလူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့တွင် ထုတ်ပြန်သည်။
မလေးရှားပြည်သူများ ၏ တိုင်ကြားချက်ကြောင့် မလေးရှားအာဏာပိုင်များက စမှုံညှင်းတွင် ဘိုင်ဒူးရီတိုက်ခန်း၊ ဘာရာနန်၊ ဘီရာနန်မှ လူနေရပ်ကွက်အတွင်း နေထိုင်သည်ဟု သံသယရှိသူ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ ၇၅၂ ဦးကို စစ်ဆေးခဲ့သည်။
ယင်းနောက်တွင် မလေးရှားတွင် တရားမဝင်နေသည့် နိုင်ငံခြားသား ၅၆၁ ဦး ဖမ်းဆီးခဲ့ရကြောင်း အဆိုပါ ဖမ်းဆီးမှု စစ်ဆင်ရေးတွင် မလေးရှားနိုင်ငံ ဌာနဆိုင်ရာ အသီးအသီးမှ ဝန်ထမ်း အရာရှိ စုစုပေါင်း ၄၅၅ဦး ပူပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း မလေးရှား လဝက က ထုတ်ပြန်သည်။
ဖမ်းဆီးရရှိခဲ့သည့် နိုင်ငံခြားသားများကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ အရ ဖောက်ဖျက်သည့် ပြစ်မှုများနှင့် ဆက်လက်စုံစမ်းစစ်ဆေးရန်နှင့် အရေးယူရန်အတွက် ဘူးကေ့ အကျဉ်းထောင် လူဝင်မှုကြီးကြပ်ရေးဌာနတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution


