33 C
Yangon

သံဖြူဇရပ်အမှတ် ၃၁၅ အမြောက်တပ်မှ တပ်ရင်းမှူး ကတော် သိမ်ဇရပ်တွင် အကြွေးတောင်းသွားစဉ် LDF ၏ စစ်ဆေးမှု မခံဘဲ ခုခံ ပစ်ခတ်ရာမှ သေဆုံး သွားခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ် အမှတ် ၃၁၅ အမြောက်တပ်ရင်း မှ တပ်ရင်းမှူး ကတော် သည် သိမ်ဇရပ်သို့ အကြွေးတောင်းသွားစဉ် ဒေသကာကွယ်ရေး တပ် (LDF)၏ စစ်ဆေးမှု မခံယူဘဲ ခုခံ ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားကြောင်း ကျိုက်ထိုLDF မှ ဗိုလ်သော်က က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းတည့်ချိန် သံဖြူဇရပ်အမြောက်တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး‌ကြီး ညီညီအောင်၏ ဇနီးဖြစ်သူ အိချယ်ရီကျော်သည် အဖော် အမျိုး သမီး တစ်ဦးနှင့်တူ ဟွန်ဒါဖစ် Shuttle ကားအဖြူဖြင့် သိမ်ဇရပ်သို့ လာရောက် ပြီး အကြွေး လိုက်တောင်းကြောင်း၊ ထိုသို့ လာရောက်စဉ် ဒေသ ကာကွယ်ရေး တပ်များက တားဆီးကြောင်း၊ တားဆီးစဉ် ကားရပ်ပေးပြီးနောက် ဒေသကာကွယ်ရေး ရဲဘော်ထံမှ သေနတ်ကို လုယူပြီး ပစ်ခတ်သဖြင့် အပြန် အလှန် ပစ်ခတ်မှုဖြစ်ရာမှ တပ်ရင်းမှူးကတော်အိချယ်ရီ ကျော်နှင့် အမျိုးသမီး ၁ ဦး သေဆုံးကြောင်း သိရှိရသည်။

“တပ်ရင်းမှူး ကတော်က အခြားအမျိုးသမီးတစ်ဦးနဲ့အတူ သိမ်ဇရပ်မှာ ဟွန်ဒါ ဖစ် Shuttle ကားအဖြူနဲ့ အကြွေးလိုက်တောင်းတာ။ အဲဒါကို ကျနော် တို့က သတင်းရလို့ တားစစ်တာကို ရဲဘော်ဆီက လက်နက်လုယူ ထွက်ပြေးခုခံ လို့ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးပါတယ်။ သူတို့အလောင်းကတော့ စစ်တောင်း မြစ်ထဲ ချလိုက်ပြီ။ ဖုန်းနဲ့ ငွေသားအချို့နဲ့ ကား သိမ်းဆည်းရမိတယ်။ တပ်ရင်းမှူး ကတော်က ကာကွယ်ရေး ရဲဘော်ဆီက သေနတ်ကိုလုပြီး ပြန်ပစ် တာ။ ထွက်ပြေးဖို့လုပ်တာ” ဟု ကျိုက်ထို Local အဖွဲ့မှ ဗိုလ်သော်က ရှင်းပြ သည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #LDF #Shuttle

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article