ရန်ကုန်၊ ဇန်နဝါရီ ၂၄
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မင်းလှ-စိန်ကန့်လန့်လမ်းပေါ်တွင် စစ်ကား ၂ စီးကို ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီခန့်က ကျောက်တံခါးမြို့နယ်၊ မင်းလှ – စိန်ကန့်လန့် လမ်းပေါ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှောင်တခင်စစ်ဆေးရေးပြုလုပ်နေစဉ် စစ်ကောင်စီ တပ်က ကား ၂ စီးဖြင့် အင်အား ၂၀ ခန့်ရောက်ရှိလာပြီး PDF တပ်များကို ဝိုင်းဝန်းတိုက်ခိုက် ခဲ့ ကြောင်း၊ ထို့သို့ တိုက် ခိုက်မှုကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရှိရ သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ဖွဲ့ဝင်များ၏ ကြိုတင်ပြင်ဆင်ထားရှိမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးခန့်ဒဏ်ရာရရှိကာ ယင်းဒဏ်ရာရရှိသူများကို ကား ပေါ် သို့ ဆွဲ တင်ပြီး တောင်ငူမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ ရှောင်တခင်စစ်ဆေးမှုနှင့် တိုက်ခိုက်မှုကို ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅ (Dike-U Defense Force) တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား သေဆုံးမှု ရှိ၊ မရှိ ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #DikeUDefenseForce #BagoRegionPDF