28 C
Yangon

ပေါင်းတည်တွင် ကျေးရွာများ လှည့်လည်မီးရှို့နေသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများရှိနိုင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊သစ်ပုတ်အုပ်စု၊နတ်ကန်ရွာတွင် စခန်း ချ တပ်ဆွဲ၍ ရွာများကို လှည့်လည်မီးရှို့နေသည့် အကြမ်းစစ်တပ်၏ စစ် ကြောင်း ကို လက်နက်ကြီး လက်နက်ငယ်များနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးနိုင်ကြောင်း ပြည်ခရိုင် တပ်ရင်း (၃၆၀၁-PPDF)၏ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ အင်အား ၅၀ ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်းတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ၏ထိခိုပ်သေဆုံးမှုကို စုံစမ်းဆဲ ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း(၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၁)၊တပ်ခွဲ(၂) ဧရာညီနောင်စစ်ကြောင်းတို့က လုပ်ဆောင် ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်မှလက်နက်ကြီး လက်နက်ငယ် များဖြင့် ပြန်လည်ခုခံတိုက်ခိုက်သော်လည်း တော်လှန်ရေးရဲဘော်များ အထိ အခိုက်အန္တရာယ်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့သော အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လက်ပံခုန်ရွာမှထွက်လာပြီး ယာတဲများနှင့် ညောင် ပင် ရွာကိုလည်းကောင်း၊ နက်ကန်ရွာကိုလည်းကောင်းတိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ ပြည်သူ့အသက်အိုးအိမ်စီးစိမ်ကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းဖြစ်ကြောင်း ၊ ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင်လည်း နတ်ရေတွင်း ရွာထဲသို့ လက်နက်ကြီးဖြင့် ၅ ကြိမ်ပစ်ခတ်၍ ရွာကို မီးရှို့ ဖျက် ဆီးပြီး စခန်းချနေထိုင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပေါင်းတည်မြို့နယ်တွင် စစ်တပ်က မီးရှို့ဖျက်ဆီးထားသော ကျေးရွာ များ။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PPDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article