33 C
Yangon

ဆီဆိုင်ရှိ စစ်ကောင်စီ၏ ခမရ ၄၂၄ တပ်ကို PNLA က တိုက်ခိုက်သိမ်းပိုက်ဟု တရားဝင်ထုတ်ပြန်၊ စစ်တပ်လက်အောက်ခံ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်များ ဘက်ပြောင်းရန် ထပ်မံတိုက်တွန်း

Must read

ဆီဆိုင်ရှိ စစ်ကောင်စီ၏ ခမရ ၄၂၄ တပ်ကို PNLA က တိုက်ခိုက်သိမ်းပိုက်ဟု တရားဝင်ထုတ်ပြန်၊ စစ်တပ်လက်အောက်ခံ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်များ ဘက်ပြောင်းရန် ထပ်မံတိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ခမရ ၄၂၄ တပ်ကို ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးတပ်မတော်(PNLA)က သိမ်းပိုက်လိုက်ကြောင်း PNLA က ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ PNLA က လုံခြုံရေးဆိုင်ရာ လှုပ်ရှားနေစဉ် စစ်ကောင် စီ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခမရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ကြောင်း၊ ယင်း သိမ်း ပိုက်မှုအတွင်း လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ ိနစ်အချိန် နေဝင်းထွန်း ဦးဆောင် သည့် စကစနှင့် လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်ပူး ပေါင်း အင်အား ၁၅၀ ခန့်သည် သထုံႏပေႏ(ဆီဆိုင်)မြို့နယ် လွယ်ထွဲရွာအနီးတွင် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ကို လာရောက် တိုက် ခိုက် ခဲ့ကြောင်း၊ ယင်းပြည်သူ့စစ်အဖွဲကို PNLA က ပြန်လည်မောင်း ထုတ်ရာ အခင်းဖြစ်ပွားရာနေရာတွင် ပြည်သူ့စစ် အလောင်း ၁ လောင်းနှင့် လက်နက်၁ လက် ကျန်ရှိခဲ့ကြောင်း သိရှိရသည်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အနေဖြင့် ပအိုဝ်း အချင်း ချင်း တိုက်ခိုက်ခြင်း မပြုကြောင်း၊ ထိုကြောင့် PNLA တပ်တည်ရှိသည့် နေရာသို မလာရန်၊ စစ်ကောင်စီနှင့်ရောနှောသွားလာခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးညှိနှိင်းသော်လည်း နေဝင်းထွန်းဦးဆောင်သည့်PNO တပ်က ညှိနှိင်းမှု ကိုလက်မခံဘဲ လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်မောင်းထုတ်ရခြင်း ဖြစ်ကြောင်း PNLA က ပြောသည်။

စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲဝင်များအနေဖြင့် စစ်အာဏာ ရှင် ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက် ရေးလမ်းကြောင်းပေါ်သို ကူးပြောင်းရပ်တည်ကြရန်လည်း အထူးတိုက်တွန်း ကြောင်း PNLA က ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ ယမန်နေ့တွင်လည်း စစ်ကောင်စီက သထုံႏပေႏ (ဆီဆိုင်) မြို့ နှင့် ကျေးရွာများကို တစ်နေကုန် လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခတ်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article