28 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်း ရိက္ခာပြန်ယူသည့် ပြည်သူ ၁၇ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၁၆ လုံး ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်း ရိက္ခာပြန်ယူသည့် ပြည်သူ ၁၇ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁၆ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၂ မိနစ်ခန့်တွင် အနန်းဘော်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၁၇ ဦး သည် ကျေးရွာ အတွင်း ရိက္ခာပြန်ယူရန်အတွက် ရွာသို့ပြန်လည် ဝင်ရောက်လာစဥ် အနန်းဘော်ရွာနှင့် ကုန်းချောင်းဝ ရွာ အကြားတွင်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ၂ ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသော ပြည်သူ ၁၇ ဦးမှာ ဦးမြင့်အောင်၊ ဦးတင်စိုး၊ ဦးကိုဖြိုး၊ ဦးထွန်းကြည်၊ ဒေါ်စန်းတင်၊ ဒေါ်ရွှေအိ၊ ဒေါ်ခင်ဌေး၊ ဒေါ်သန်းဦး၊ မအေးသိန်းဦး၊ မထားထားနွယ်၊ ဒေါ်ပေါရီ၊ မမြစံပယ်၊ မနှင်းသက်ခိုင်၊ ဦးအောင်ဝင်း၊ ကိုချစ်ပြည့်စုံတို့ဖြစ်ပြီး ပျောက်ဆုံးနေသော သားအမိ ၂ ဦးမှာ ဒေါ်သင်းသင်းနှင့် မောင်စန်းလင်းတို့ဖြစ်ပြီး ၎င်းတို့အားလုံးကို လက်ရှိချိန်ထိ စစ်တပ်က ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက ကျောင်းစိုးကျေးရွာကို လက်နက်ကြီး အလုံး ၃၀ ကျော် ပစ်ခတ်ခဲ့ရာ ကျောင်းစိုးကျေးရွာနေ ဦးတင့်ဝင်း၊ ဦးကျော်ဝင်း၊ ဦးအောင်နိုင်ဝင်း၊ ဦးစိုးတင့်၊ ဦးသိန်းလွင်၊ ကိုဇော်ကြီး၊ မနွဲ့မ၊ ညားဆိ၊ ကိုမင်းမင်း၊ မဌေး၊ ဦးစိုးလွင်၊ ကိုစိုးသိန်း၊ ကိုမောင်မြင့်၊ ဦးသန်းဝင်း၊ မောင်ကြီး၊ မတင့်ညို တို့၏ နေအိမ် ၁၆ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNU

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article