27 C
Yangon

မုံရွာမြို့နယ်ရှိ ညောင်ဖြူပင် ရဲစခန်း၊ တောပု ပျူစောထီးရွာနှင့် ရွှေဘိုမြို့နယ်ရှိ ညောင်ကိုင်းပျူစောထီးရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းနှင့် တောပုပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ် ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဇန်နဝါရီလ ၂၄ ရက် နံနက် ၅ နာရီခန့်မှ စတင်ပြီး နံနက် ၉ နာရီ မိနစ် ၃၀ ခန့်အထိ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း၌ အထိုင်ချတပ်စွဲထားသော စစ်သား၊ ရဲများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် AIR BOMB ၇ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ခိုက်ခဲ့တဲ့ ၂ နေရာလုံးက ပြန်ပစ်တာတော့ရှိပါတယ်၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်း ပါတယ်” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ် ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ ဇန်နဝါရီလ ၂၄ ရက် ညနေ ၃ နာရီခန့်မှ ၅ နာရီ မိနစ် ၃၀ အချိန်အထိ မုံရွာမြို့နယ်၊ တော ပု ပျူစောထီးကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား၊ ပျူစောထီး ၄ ဦး အပြင်းထန် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင် မဟာ မိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း- မြေလတ် PDF၊ မြင်းခြံခရိုင် အမှတ် ၈ တပ် ရင်း – NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း ၊ Special Guerilla Force Monywa ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း နှင့် CHAUK PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Buffalo Solider Freedon Force (Drone) တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာရှိ ဘုရားဝန်းအတွင်း တပ်စွဲကာ အထိုင်ချထားသော စစ်ကောင်စီဘန်ကာကို ပန်ကာ ၄ လက် ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိ ခိုက်သေဆုံးမှုရှိနေသော်လည်းအတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Buffalo Solider Freedon Force (Drone) တပ်ဖွဲ့၊ အရာတော် Rocket (LPDF) ပြောက်ကျာတပ်ဖွဲ့နှင့် Magic Drogan ပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MaginDrogan #BuffaloSoldierFreedoForce #Drone #Rocker #LPDF #ChaukPDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article