By Igor Blazevic
အခုတလောမှာ မြန်မာပြည်ကို ဖိနှိပ်ညှင်းဆဲနေတဲ့ အုပ်ချုပ်သူ တွေ ပျက်သုဥ်း လာတဲ့ ပုံစံနောက်ဆုံးအဆင့်ကိုမြင်နေကြရပါတယ်။ မင်းအောင်လှိုင်နဲ့ သူ့ စစ်အုပ်စု ဟာ ဒဏ်ရာရထားတဲ့ သားရိုင်းတိရိစ္ဆာန်လိုဖြစ်နေပါပြီ။ ဒေါသ အမျက် ချောင်းချောင်းထွက်ပြီး မျက်ကန်း လို ရမ်းကားနေပြီး စိတ်ဓာတ် ပျက် ပြားဖွယ်အခြေအနေနဲ့ ကြုံနေရပါတယ်။
နေရာတကာမှာ ရန်သူတွေနဲ့ ခြိမ်းခြောက်မှုတွေပတ်လည်ဝိုင်းနေတာမို့ မြင်မြင် ရာကို လက်လှမ်းမှီသလောက် မဲနေပါတယ်။ သူတို့ဆီမှာ ဒီပွဲကိုနိုင်ဖို့ အစီအစဉ်ရယ်လို့ ချထားတာလည်းမရှိတော့ပါဘူး။ ဘာဗျူဟာမှလည်း မကျန် တော့ ပါဘူး။ ထိန်းချုပ်နိုင်တဲ့ အားဆိုတာလည်း မရှိတော့ ပါဘူး။ ဒေါသ ငယ် ထိပ်တက်နေတာနဲ့ ဖျက်ဆီးတတ်တာပဲရှိပါတယ်။
ဒီလို လုံးဝ အဖတ်ဆည်လို့မရတော့တဲ့ ပျက်စီးယိုယွင်းနေတဲ့ စစ်အုပ်စု နောက် ဆုံး လုံးဝ ကျရှုံးသွားပီဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လူတွေ အားလုံးအတွက်ရော၊ စစ်တပ်က အရာရှိတွေနဲ့ စစ်သားတွေအတွက်ရော၊ မြန်မာ့ အိမ်နီးချင်းတွေ အတွက်ရော ကောင်းဖို့ ဖြစ်လာတာပါ။
ခုဖြစ်နေတာတွေကို တန်းစီကြည့်ကြရအောင်။ စစ်တပ်ဟာ နိုင်ငံတော် သံဃာ မဟာနာယကကောင်စီထဲပါတဲ့ လူသူလေးပါးကြည်ညိုကြတဲ့ သံဃာကိုတောင် ဖမ်းပြီးသတ်တာရှိခဲ့တယ်။ ဒီလို အများလေးစားကြတဲ့ ဆရာတော်ဟာ မန္တလေး လို ဘုန်းတော်ကြီးကျောင်းတွေ သြဇာကြီးတဲ့ နေရာမှာ သီတင်းသုံး ခဲ့တာ ကြောင့် အင်မတန်ရက်စက် ဖိနှိပ်တတ်တဲ့ စစ်အုပ်ချုပ်ရေးက ဒီလို ကိုယ်တော် ကို ဖိနှိပ်ခဲ့တယ် ဆိုရင် တန်ပြန်သက်ရောက်မှုကတော့ ဖြစ်လာမှာပါ။
ဒီစစ်အုပ်ချုပ်ရေးအောက်မှာ ပေးဆပ်ကြရတဲ့ သူတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ရဟန်းသံဃာကို ထိရဲတာမျိုးကတော့ အင်မတန် လွန်ကျူးသွားတဲ့ ဖြစ်ရပ်မျိုးပါ။ ဦးဝါယမဆိုတာက ဒီလို ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ကိုးကွယ်ရာ ကိုတောင် မချန်တဲ့ လွန်ကျူးမှုမျိုးပါ။
သူအသတ်ခံရတဲ့ ကိစ္စကိုသာမက အသတ်ခံရပုံကိုလည်း ထည့်ပြောဖို့ လိုပါမယ်။ သူအဖမ်းခံရပြီးနောက် ဓားနဲ့ ထိုးသတ်ခံရပြီး သူ့ အလောင်းကို ချောင်းထဲ ပစ်ချထားခဲ့တာပါ။ ဒီကိစ္စက လူတွေကို အတော် ဒေါသထွက်စေပါတယ်။ မကျေ နပ်တာတွေက လူတွေကြားမှာ ပျံ့နှံ့လို့နေပါတယ်။
လောက်ကိုင်မှာ လက်နက်ချလိုက်တဲ့ ဗိုလ်မှူးချုပ်တွေထဲက သုံးယောက်ကို လည်း ဒီလထဲမှာ သေဒဏ်ချလိုက်ပြီး နောက်သုံးယောက်ကိုလည်း တစ်သက် တစ်ကျွန်းချလိုက်ပါတယ်။ ဒီစစ်တပ်က သူ့အရာရှိတွေကိုတောင်မှ သေဒဏ် ပေးနေတာပါ။ ဒါကလည်း တန်ပြန်သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီလို သေဒဏ်ပေးတာဟာ တခြား အရာရှိတွေကို မကြောက်ရွံသွားစေရုံသာမက သူတို့ကိုယ်တိုင်ဟာ အခြိမ်းခြောက်ခံနေရတယ်လို့ အထင် ရောက် သွားနိုင် တဲ့အတွက်ကြောင့် တပ်ကို ကျောခိုင်းဖို့ ပိုတောင် နီးစပ်လာနိုင်ပါတယ်။
စစ်တပ်ထဲမှာကို မကျေမချမ်းမှုတွေ ပိုများလာတဲ့ တပ်က အရာရှိတွေ အစု အဝေးပေါင်းစုံ စုစည်းပြီး ပြန်ပြီး ဖီဆန်ကြဖို့ဆိုတာက အနှေးနဲ့ အမြန် ဖြစ်လာမယ့် ကိစ္စမျိုးပါ။ မင်းပြားမှာလည်း စစ်တပ်က စစ်ကူလွှတ်လိုက်သူတွေ အများကြီးဟာ ပျောက်ကျားတိုက်ခိုက်တဲ့ တော်လှန်ရေးသမားတွေ လက်ထဲမှာ ကျဆုံးခဲ့ရပါတယ်။
AA တပ်ဖွဲ့ဝင်တွေဟာ ခဲယမ်းမီးကျောက်တွေ တော်တော် များများကို သိမ်း ဆည်းထားနိုင်ပြီး စစ်တပ်လေယာဉ် Y8 ကနေ လေထီးနဲ့ ချပေးလိုက်တဲ့ ရိက္ခာ တွေကိုလည်း ရလိုက်ပါတယ်။
ဒီပို့စ်မှာ မျှဝေဖို့ အတွက် သိပ်ပြီးသွေးထွက်သံယိုဖြစ်နေလို့ ချန်ခဲ့တဲ့ အခုမြန်မာ ပြည်မှာ လူကြည့်များနေတဲ့ ဗီဒီယိုတွေမှာလည်း တပ်က စစ်သားများစွာ ပက်ပက် စက်စက် ကျဆုံးနေရပုံတွေ ပါဝင်နေပါတယ်။ လူတိုင်းကတော့ ဒါတွေကို ဖြန့်နေကြတယ်။ ဒီလို ဝေမျှနေကြပြီး လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့နေတာဟာ စစ်သားတွေကို အများကြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။
အထူးသဖြင့် ရှေ့တန်းကို ဆက်တိုးခိုင်းရင် တစ်ရက်နှစ်ရက်အတွင်းမှာ အသေခံ တိုက်ရမယ်လို့ သိနေတဲ့ တပ်တွေအတွက် ပိုပြီး ထိတ်လန့် တုန်လှုပ် စရာ ဖြစ်ပါတယ်။ မနေ့က လူတွေ အကြည့်များတဲ့ ဗွီဒီယိုတစ်ခုမှာတော့ စစ်တပ်က စစ်သားတွေဟာ KIA ကချင်တပ်က တိုက်လို့ ဦးတည်ရာမဲ့ ခြောက်ခြောက် ခြားခြားပေးလွှားနေကြပြီး တရုတ်ပြည်ဘက်ကို ချောင်းဖြတ်ကူးပြီး အသက်လုပြေးနေကြတာကိုတွေ့ရပါတယ်။ စစ်တပ်ဘက်က ဘယ်သူမဆို အတွက် ဒါကို ကြည့်ရင် ရှက်စရာ၊ စိတ်ဓာတ် ကျစရာဖြစ်မှာပါပဲ။
တခြားဓာတ်ပုံတွေလည်း ပိုပြီးပြန့်နှံ့လာတာတွေ့ရပါတယ်။ အဲဒီလို ဓာတ်ပုံ တွေ ပြန့်တဲ့အခါ လူတွေကို ပျော်ရွှင်ကြည်နူးတဲ့ သင်္ကေတတွေနဲ့ ဖော်ပြ တုံ့ပြန် ကြပါတယ်။ အင်္ဂါနေ့ကအိန္ဒိယဘက်ကို ထွက်ပြေးသွားတဲ့ စစ်သားတွေကို မီဇိုရမ်က လန်ပွီးလေဆိပ်မှာ ပြေးလမ်းချော်သွားတဲ့ စစ်တပ်လေယာဉ် ပါတဲ့ ဓာတ်ပုံ တွေလည်း ပေါ်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က ချင်းပြည်နယ် ပလက်ဝမြို့ မှာလည်း စစ်တပ်ဟာ ရခိုင်တပ်တော်ကို ရှုံးနိမ့်ခဲ့ပြီး စစ်သား များစွာဟာ အိမ်နီးချင်းနိုင်ငံတွေဘက် ထွက်ပြေးခဲ့ကြပါတယ်။
နေ့တိုင်း တစ်နေ့ တစ်နေ့ကို စစ်တပ်စခန်းတွေ ဘယ်လောက် ကျသွားတယ်၊ တော်လှန်ရေးတပ်တွေဘက်က စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ ဘယ်လောက် သိမ်းဆည်းရမိတယ် ဆိုတာကလည်း လိုက်မှတ်ဖို့တောင် ခက်လာပါတယ်။
လက်နက်တွေကို အပုံလိုက် သိမ်းထားတာနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြသနေကြတာကလည်း နေ့တိုင်းလိုလို တစ်နိုင်ငံလုံး အနှံ့အပြားမှာ အရှေ့အနောက်တောင်မြောက်တွေ့နေရပါတယ်။
တပ်ဖွဲ့စည်းပုံပျက်နေတဲ့ လက္ခဏာတွေ၊ စိတ်ဓာတ်ပျက်ပြားနေကြတာတွေ၊ ဦးတည်ရာမရှိ ကြုံသလို စီမံနေကြတာတွေဟာ တစ်နေ့ပြီးတစ်နေ့ မြင် နေကြရပါတယ်။
တပ်ထဲက သတ္တိရှိတဲ့ အရာရှိတွေနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက ဒီလို တပ်ပြို လာတာကို ရှေ့ဆက်အရှိန်ရအောင် လုပ်ပေးကြဖို့ လိုပါတယ်။ သေလောက်တဲ့ ဒဏ်ရာရပြီး သွေးစက်လက်နဲ့ ရမ်းကားနေတဲ့ သတ္တဝါမျိုးဟာ ပိုပြီး ဖျက်ဆီးနိုင်၊ မိုက်ရိုင်းနိုင်တာကြောင့် ဒီလို နောက်ဆုံးနေ့ရက်တွေ တိုသွားအောင် လုပ်ပေး ဖို့လိုပါတယ်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA #AA
