ရန်ကုန်၊ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးတွင် လက်နက်နှင့် တကွ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၅ ဦးနှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ မှ ဗျူဟာစုဖွဲ့မှု သင်တန်း ထူးချွန်စွာ အောင်မြင်ခဲ့သော တော်လှန်ရေး ရဲဘော်များကို ဂုဏ်ပြု ဆုငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲ တပ်ဖွဲ့ဝင် ၅ ဦးထဲမှ သေနတ် ၁ လက်ပါလာသူကို ဆုငွေကျပ် သိန်း ၅၀ ၊ သေနတ် ၂ လက် ပါလာသူ ၂ ဦးကို ၁ ဦးလျှင် ကျပ်သိန်း ၆၀ နှင့် လက်နက်မဲ့ အလင်းဝင်လာသူ ၂ ဦးကို ၁ ဦး လျှင် ၅ သိန်းကျပ် ဂုဏ်ပြုဆုငွေ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဗျူဟာစုဖွဲ့မှု သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ မှ တော်လှန်ရေး ရဲဘော်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုငွေတွေကို ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution








