30 C
Yangon

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ

Must read

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း PNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ဆီဆိုင်မြို့နယ်၊ တစ်နေရာတွင် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦးသည် မူးယစ်ဆေးပြား၊ သေနတ်တစ်လက်၊ ကျည်ဆန်၊ လက်ပစ်ဗုံး ၁ လုံး တို့နှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

“မနေ့ကတိုက်ပွဲမှာ စကစရဲ့အပေါင်းပါ PNO ပြည်သူ့စစ် ၃ ယောက်ကို ယာမဆေးပြားနှင့်အတူ သေနတ်တစ်လက်နဲ့ ကျည် ၅၀၊ ဗုံးသီးတစ်လုံး၊ 79 ကျည်နှစ်လုံးနဲ့အတူ ဖမ်းဆီးရရှိပါတယ်” ဟု PNLA သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article