29 C
Yangon

ထိုင်း-ကရင်နယ်စပ်တစ်လျှောက်ရှိ ငွေလိမ်ဂိုဏ်းများကို အကြမ်းဖက်စစ်တပ်က အကာအကွယ်ပေးထောက်ခံနေပြီး တရားမဝင်ကာစီနိုနှင့် ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး KNU က နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မည်

Must read

ထိုင်း-ကရင်နယ်စပ်တစ်လျှောက်ရှိ ငွေလိမ်ဂိုဏ်းများကို အကြမ်းဖက်စစ်တပ်က အကာအကွယ်ပေးထောက်ခံနေပြီး တရားမဝင်ကာစီနိုနှင့် ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး KNU က နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ထိုင်းနိုင်ငံနှင့် ကရင်ပြည်နယ် နယ်စပ်တစ်လျှောက်ရှိ ငွေလိမ်ဂိုဏ်းများ၊ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများကို KNU က အကြွင်းမဲ့ ဆန့်ကျင်ပြီး တိုက်ဖျက်သွားမည်ဖြစ်ကာ ငွေလိမ်ဂိုဏ်း၊ တမရားမဝင်ကာစီနိုလောင်းကစားလုပ်ငန်းများ ရှင်းလင်းရေးကို အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြေင်း KNU ဗဟိုက ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည့် တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများကို တိုက်ရိုက်အကျိုးခံစားခွင့်ရရှိနေသည့်အတွက် နောက်ကွယ်တွင် အကာအကွယ်ပေးခြင်း၊ ထောက်ခံနေခြင်းများ ပြုလုပ်နေပြီး ကရင်ပြည်နယ်ရှိ ပြည်သူများသာမက ပါဝင်ပတ်သက်နေသူများအားလုံးအတွက် လူမှုဒုက္ခမျိုးစုံနှင့် ဒေသတွင်း မတည်ငြိမ်မှုအပြင် ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုကိုပါ ခြိမ်ခြောက်နေခြင်းဖြစ်ကြောင်း KNU ဗဟိုက ပြောသည်။

အဆိုပါ ကာစီနိုလောင်းကစားလုပ်ငန်းများနှင့် ငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သည့် စနစ်ဆိုးများ၊ အဂတိလိုက်စားမှုများက အမြစ်တွယ်ပေါက်ဖွားလားခြင်းဖြစ်ကာ အစိုးရအဆက်ဆက်၏ အဂတိလိုက်စားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း KNU ဗဟိုက ထောက်ပြ ဝေဖန်ထားသည်။

ဓာတ်ပုံ- ထိုင်း-မြန်မာနယ်စပ်ရှိ ငွေလိမ်ဂိုဏ်းများအခြေပြုရာ လောင်းကစားမြို့တော် ရွှေက္ကိုလ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article