35 C
Yangon

မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်နှင့်ရဲ ပူးပေါင်း၍ ကော့သောင်းထောင်သို့ ပြောင်းရွေ့နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်နှင့် ရဲ ပူးပေါင်း၍ ကော့သောင်းထောင်သို့ ပြောင်းရွေ့နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့နံနက် အရုဏ်ဦးအချိန်မှ စ၍ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၀၀ခန့်ကို မြိတ်အကျဉ်း ထောင်မှ ကော့သောင်းအကျဉ်းထောင်သို့ ထောင်ပြောင်း ရွှေ့ခဲ့ပြီး လက်ရှိအချိန်ထိလည်း နိုင်ငံရေးအကျဉ်းသားများကို နာမည်ခေါ်၍ ထောင်ပြောင်းရွေ့ရန် ခေါ်ထုတ်နေကြောင်း ၊ လက်ရှိ မြိတ်အကျဉ်းထောင်တွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားလျှက်ရှိပြီး ယနေ့နေ့ခင်းပိုင်းနှင့် ညနေပိုင်းတွင် အသုတ်လိုက် ပြောင်းရွှေမည်ဟု သိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက “မနက်အစောကြီး မြိတ်ထောင်ကနေ ကော့သောင်းအကျဉ်းထောင်ဆီကို လေယာဉ်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက်ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်” ဟု ပြောဆိုသည်။

အခြားသတင်းတစ်ခုလည်း မြိတ်အကျဉ်းထောင်အကျဉ်းသားများ ထောင်ပြောင်းရွှေ့သည်ဟု သိရှိရသော်လည်း စစ်ဝတ်စုံ ဝတ်ဆင်ပေးမှုများရှိသည်ဆိုသော အတည်ပြု၍ မရသော သတင်းများ ထွက်ပေါ်နေကြောင်း ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article