36 C
Yangon

ဒီပဲယင်းနှင့် ရေဦး နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၅ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၅ ကျော်မှပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်နှင့် ရေးဦးမြို့နယ် အစပ်ရှိ ငဝဲတောရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့သောကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ်နှင့် ရေးဦးမြို့နယ် အစပ်ရှိ တောကျောင်း၊ အင်းတန်း၊ ဝပါ၊ မှန်သာ၊ ငြိမ်းချမ်း၊ ယင်းတွေ၊ ပျော်ဘွယ်၊ အောင်ချမ်းသာ၊ ပင်စီ၊ ခွန်တောင်း၊ လျှော်ဖြူ၊ ချောင်းရိုး၊ မစိုးရိမ်၊ ခြုံရွာ၊ ကျီကုန်းနှင့် ငဝဲတောရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့မနက် ဒီပဲယင်းမြို့ထဲကနေ အနောက်မြောက်ဘက်ခြမ်းကို ခွေးဘီလူးစစ်ကြောင်း ထိုးလာနေပြီ ဒီပဲယင်းနယ် အနောက်မြောက်ဘက်ခြမ်းပေါ့။ ရေဦးနယ်အနောက်ခြမ်းနဲ့ ကပ်ရက်ပဲ လက်ရှိ ငဝဲတောရွာထဲ ဝင်ရောက် တပ်စွဲထားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရေဦးမြို့နယ်မှ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒီပဲယင်းမြို့အတွင်းသို့ ဝင်ရောက်သွားပြီး ယနေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ကို ပြန်လည် စစ်ကြောင်း ထိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

Photo – ဒီပဲယင်းမြို့နယ် ညီနောင်များ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article