■ လစဉ် ပြည်သူ ၅၀၀၀ ဦးကို စစ်မှုထမ်းခိုင်းပြီး တစ်နှစ်လျှင် စစ်အင်အား ၆၀၀၀၀ ရယူမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ပြည်ပနိုင်ငံများတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်သူများအနေဖြင့် မြန်မာ နိုင်ငံတွင် ပြန်လည်၍ စစ်မှုထမ်းရမည်ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြည်တွင်းသတင်းမီဒီယာတစ်ခုသို့ ပြောဆိုထားသည်။
နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်သူများအနေဖြင့် ပြည် သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ က တွင်ပါရှိသည့်အတိုင်း စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်ကြောင်း၊ သို့သော် ထိုသူများအနေဖြင့် ၎င်းတို့၏ ပညာသင်ကြားမှု ပြီးဆုံးချိန်နှင့် အလုပ်တာဝန်များ ပြီးဆုံးချိန်တွင် ပုဒ်မ ၁၅ ခ နှင့်အညီ သတ်မှတ်ကာလ ပြီးဆုံးသည်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
သင်္ကြန်ကာလအပြီး စတင်မည့် ပြည်သူများ စစ်မှုထမ်းရေး အစီအစဉ် သင် တန်း အမှတ်စဉ် ၁ တွင် စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၅၀၀၀ ကို စတင် ခေါ်ယူမည်ဖြစ်ပြီး သင်တန်းအမှတ်စဉ် ၅ မှစတင်၍ အမျိုးသမီးများကို ခေါ် ယူမည်ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းအပတ်စဉ် ၁ မှစတင်၍ စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ ပြည်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ် ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ ရရှိရန် စီမံထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
