26 C
Yangon

ထိုင်းလွှတ်တော်တွင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု ၃ နှစ်ကာလ အခြေအနေများကို အနုပညာပြခန်းအဖြစ် ဖွင့်လှစ်ပြသ

Must read

ထိုင်းလွှတ်တော်တွင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု ၃ နှစ်ကာလ အခြေအနေများကို အနုပညာပြခန်းအဖြစ် ဖွင့်လှစ်ပြသ

ဘန်ကောက်၊မတ် ၂

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်တွင် မြန်မာနိုင်ငံမှ စစ်အာဏာ သိမ်းမှု ၃ နှစ်တာ အဖြစ် အပျက်အခြေအနေများကို အနုပညာပြခန်းအဖြစ် ခင်းကျင်းပြသနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် Spirit in Education Movement (SEM)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းပြပွဲကို မတ်လ ၂ရက်နေ့မှ မတ် ၃ ရက်နေ့ထိ ပြသနေခြင်းဖြစ်ပြီး စစ်အာဏာသိမ်း ၃ နှစ်အတွင်း မြန်မာ ပြည်သူ များ၏ အာဏာသိမ်းမှုကို နည်းမျိုးစုံဖြင့် ဆန့်ကျင်ခဲ့မှုများ၊ ထိုင်းနိုင်ငံနယ်စပ် တစ် လျှောက်တွ င်ရှိသည့် တိုင်းရင်းသားများ၏ နေထိုင်မှုပုံစံ အဖြစ်အပျက်များကို အနုပညာ လက်ရာ ပြခန်းများ အဖြစ် ပြသထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Spirit in Education Movement (SEM)အနေဖြင့် မြန်မာနိုင်ငံမှ စစ်ရှောင် ပြည်သူများအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု များကို အဓိကထားပြီး ပြသထား ကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်သည့် Installation Art တွင် လေကြောင်း တိုက်ခိုက်ခံရသည့် နေရာများတွင် ကျန်ခဲ့သည့် အသုံးအဆောင်ပစ္စည်းများနှင့် စစ်ကောင်စီ၏ လေ ကြောင်း တိုက်ခိုက်သည့်နေရာ အကြိမ်ရေ ထိခိုက်သေဆုံးမှုကို ဖော်ပြထားသည့် Data Visualization တို့ပါဝင်ကြောင်း သိရှိရသည်။

ယင်းသို့ပြသရခြင်းသည် စစ်ကောင်စီ၏ လေယဉ်ဆီဖြတ်တောက်ရေးနှင့် လေယာဉ်ဆီအတွက် ဝင်ငွေလမ်း ကြောင်းများကိုဖြတ်တောက်နိုင်ရေးအပါအဝင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်ရမှု အခြေအနေများကို ထိုင်းနိုင်ငံမှ အများပြည်သူ သိစေချင်သည့် ရည်ရွယ်ချက်ဖြင့် ပြသရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article