22 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၈ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်မှာ KIA ဦးဆောင်တဲ့မဟာမိတ်တပ်တွေဒီကနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကို ထပ်မံ သိမ်းပိုက်လိုက်ပြီး ၁၁ ရက်အကြာ စစ်ဆင်ရေး ကာလအတွင်းမှာပဲ အကြမ်း ဖက် စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းဆည်းရရှိထားတဲ့အပြင် စစ်ကောင်စီဝင် အယောက် ၃ ရာကျော်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
  • မြန်မာနိုင်ငံမှာ စစ်မှုထမ်း ဆင့်ခေါ်စာတွေ ရောက်လာပြီးတဲ့နောက်ပိုင်း လူငယ်တွေဟာ ပုံစံမျိုးစုံနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြပြီး ၊ ရန်ကုန်လေဆိပ်မှာ ပြည်ပထွက်ခွာတဲ့သူတွေနဲ့ လိုက်ပို့တဲ့ သူတွေဟာ ကြိတ်ကြိတ်တိုးနေကြတယ်လို့လည်း ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ ၊လေယာဉ် လက်မှတ်အရောင်း ကုမ္ပဏီတွေနဲ့ TAXI ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။
  • ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်က ထီးတန်- ရွာမ ကျေးရွာ အုပ်ချုပ်ရေးမှူး လှဝင်းဆိုသူဟာ ကျေးရွာနေပြည်သူတွေဆီကနေ စစ်မှုမထမ်းချင်ရင် ရွာကလူတွေ စုပေါင်းပြီး သူ့ကို သိန်း ၆၀ ပေးရမယ်လို့ တောင်းရမ်းပြီးနောက် ၊ သိန်း ၆၀ လည်းရရော ရွာက လူငယ် ၃ ဦးရဲ့ နာမည်စာရင်း စစ်တပ်ကို ပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article