လောင်းလုံးမြို့နယ်တွင် စစ်တပ်ကို လေယာဥ်ဆီတင်ပို့သည့် ကုမ္ပဏီများ ပိတ်ပင် တားဆီးပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်
ရန်ကုန်၊ မတ် ၁၉
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ကာ အကြမ်းဖက်စစ်တပ်ကို လေယာဥ်ဆီ ရောင်းချပေးနေသည့် ကုမ္ပဏီများကို ပိတ်ပင်တားဆီးပေးရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ဒေသပြည်သူလည်း ပူးပေါင်း ပါဝင်ခဲ့ပြီး “USA,UK,EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar” စာတန်းများ ကိုင်ဆောင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။