31 C
Yangon

မင်းတုန်းမြို့နယ်နှင့် မြင်းမူမြို့ရှိ စစ်တပ် ကင်းပုန်း နှင့် ဂိတ်ဖွင့်ရန် ပြင်ဆင်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၇

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တိုင်းတားကျေးရွာ အနီးရှိ စစ်တပ် ကင်းပုန်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း United States Of Burma Army – USBA တာဝန်ခံ ကိုဗဟိန်း က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၆ ရက် ည ၈ နာရီခွဲခန့်က မင်းတုန်းမြို့နယ် တိုင်တားကျေးရွာ အနောက်ဘက်ရှိ ဘုရားကုန်းအနီးတွင် ကင်းပုန်းချထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ပတ်ကင်းထွက်စဉ် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့က တိုင်တားရွာမှာ အင်အား ၁၀၀ လောက်နဲ့ စခန်းချထားတာ ၂ ပတ်လောက်ရှိပြီ။ သူတို့က ရွာမြောက်ဘက်ကို ထွက်ပြီးတော့လည်း ကင်းပုန်းဝပ်တာရှိတယ်၊ ရွာအနောက်ဘက်ကိုလည်း ထွက် ပြီးတော့ ကင်းပုန်းဝပ်တာရှိတယ်ဗျ၊ ရွာအနောက်ဘက် ဘုရားကုန်းနားမှာ ကင်းပုန်းဝပ်တာရှိတယ်၊ အဲဒီဘုရားကုန်းနဲ့ မီတာ ၃၀၀ ဝန်းကျင်လောက်မှာ ရောက်တဲ့အချိန် မသင်ကာစရာရှိလို့ ကြည့်လိုက် တဲ့အချိန်မှာ သူတို့က ရှေ့တက်လာတာနဲ့ ပစ်ခတ်မှုဖြစ်သွားတာပါ။” ဟု United States Of Burma Army – USBA တာဝန်ခံ ကိုဗဟိန်း က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို United States Of Burma Army – USBAမင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မ‌ကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် Key Of Revolution ပြောက်ကျား တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ဂိတ်ဖွင့်ရန် ကြိုးစားနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Knight Commanders အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် ၀မ်းပြည့်ရွာနှင့် အလက္ကပ္ပရွာ အကြားတွင် အသစ်ဖွင့်လှစ်ရန် ပြင်ဆင်နေသော အကြမ်းဖက် စစ်ကောင်စီ ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ဗုံးသီးများ၊ ၄၀ မမ ဗုံးသီးများ ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အသေပျောက်မရှိဘူး။ ကင်းပုန်းဝတ်နေတဲ့ ခွေးတွေတော့ ဒဏ်ရာတွေရသွားကြတယ်။ ဗုံးသီးက ၈ လုံးချခဲ့တယ်” ဟု Knight Commanders အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း ၁ (KNIGHT COMMANDERS PDF) နှင့်အတူ တပ်ခွဲ ၂ ZAR MA NI REVOIUTION FORCEGTR MMUMMRFမုံရွာခရိုင်တပ်ရင်း ၁၁ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article