■ တရုတ်ဘက်ကျရောက်သော လက်နက်ကြီးကျည်မှာ စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်များဟု အတည်ပြုနိုင်
ရန်ကုန်၊ မတ် ၂၇
တရုတ်နိုင်ငံယူနန်ပြည်နယ်ထဲသို့ မြန်မာဘက်က ပစ်ခတ်လိုက်သော လက်နက် ကြီးကျည် ၂ လုံးကျရောက်၍ တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန်လိုက်သည်။
မတ်လ ၂၇ ရက်နေ့ စစ်ကောင်စီတပ်နှင့် KIA တို့အကြာ တရုတ်-မြန်မာနယ်စပ်အနီး လွယ်ဂျယ်ပတ်ဝန်းကျင်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားကြောင်း၊ စစ်တပ်က လက်နက်ကြီးကျည်များဖြင့် KIA ဌာနချုပ် လိုင်ဇာ အပါအဝင် နေရာများကို ပစ်ခတ်ရာ အဆိုပါ ပစ်ခတ်သော လက်နက်ကြီးကျည်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲသို့ ကျရောက်ခဲ့ကြောင်း သိရှိရသည်။
ယူနန်ပြည်နယ်အတွင်းသို့ လက်နက်ကြီး ကျည်နှစ် လုံး ကျရောက်ခဲ့ရာတွင် လက်နက်ကြီးကျည် ၁ လုံးမှာ နယ်ခြားမှတ်တိုင် ၄၆ မှ မီတာ ၃၃၀ အကွာ တရုတ်ဘက်ခြမ်းတွင် တစ်လုံး ၊ နောက်တစ်လုံးမှာလည် တရုတ်နိုင်ငံဘက်အခြမ်း တွင် ကျရောက်ခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံများ ပျက်စီးထိခိုက်မှု မရှိသော်လည်း တရုတ်အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို မြန်မာက အလေးထားမည်ဟု မျှော်လင့်ကြောင်း ကန့်ကွက်စာတွင် ရေးသားထားသည်။
ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဗန်းမော်- လွယ်ဂျယ်ကားလမ်း၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်အနီးရှိ စစ်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်အနီးတွင် စစ်ကောင်စီတပ်စခန်း ၄ ခု ရှိနေကြောင်း သိရှိရသည်။
“သတင်းအချက်အလက်တွေကတော့ ကျနော်တို့ ပြောလို့မရသေးဘူး။ အား လုံး တည်ငြိမ်ရင်တော့ ပြောလို့ရမယ်။ မနက်က လက်နက်ကြီးကျည်ကတော့စစ်တပ်က ပစ်လို့ တရုတ်ဘက်ထဲ ကျတာပါ။ လိုင်ဇာနဲ့ တော်လှန်ရေးတပ်တွေရှိတဲ့နေရာတွေကို လက်နက်ကြီးတွေ လေယာဉ်တွေနဲ့လိုက်ပစ်တာ” ဟု KIA စစ်ရေး သတင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တရုတ်နိုင်ငံယူနန်ပြည်နယ် #တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်