26 C
Yangon

TNLA ၏ အုပ်ချုပ်ရေး ယန္တရားအောက်တွင် မိုင်းငေါ့မြို့ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိ

Must read

ရန်ကုန်၊ ဧပြီ ၉

ရှမ်းပြည်နယ်၊ မိုင်းငေါ့မြို့သည် TNLA ၏ အုပ်ချုပ်ရေး ယန္တရားအောက်တွင် ပုံမှန် အတိုင်း လည်ပတ်လျက်ရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။

မိုင်းငေါ့မြို့သည် PSLF/TNLA ၏ တပ်မဟာ ၂ စစ်ဒေသ၊ နမ့်ဆန်ခရိုင်အတွင်း၌ ပါဝင်ပြီး မိရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃ စုနှင့် ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၂၀ ကျော်ခန့် ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့အတွင်း တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လောင်းကစားများကင်းစင်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတသည့် ဥပဒေနှင့်အညီ စီမံအုပ်ချုပ်နိုင်ရန် အကောင်အထည်ဖော်လျက်ရှိကြောင်းသိရှိရသည်။

မိုင်းငေါ့မြို့ကို PSLF/ TNLA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ထံမှ သိမ်းပိုက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article