25 C
Yangon

မြ၀တီမြို့ပြင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားနေပြီး စိမ်းလဲ့မြိုင်ကားဝင်းအနီး အေးသုခကျေးရွာသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကျဲ၊ ခလရ ၂၇၅ တပ်က လက်နက်ကြီးများ စတင်ပစ်ခတ်နေပြီး မြ၀တီမြို့ရှိ ဘဏ်နှင့်ရွှေဆိုင်များ၊ စျေးများအားလုံးပိတ်ထား

Must read

ရန်ကုန်၊ ဧပြီ ၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့၊ စိမ်းလဲ့မြိုင်ကားဝင်းအနီး အေးသုခကျေးရွာသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကျဲပြီး ခလရ ၂၇၅က လက်နက်ကြီးများ စတင်ပစ်ခတ်နေကြောင်း မြ၀တီမြို့ အခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့မွန်းလွဲပိုင်းမှာ စပစ်ကြပြီ။ ခလရ ၂၇၅ က လက်နက်ကြီးတွေ စပစ်တယ်။ တိုက်လေယာဉ်တွေက အေးသုခ ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို ဗုံးတွေကျဲတယ်။ ခလရ ၂၇၅ က မြ၀တီမြို့ပြင်မှာရှိတာ။ အေးသုခ ရွာနားမှာပဲ။ နေအိမ်တွေ မီးလောင်တာရှိတယ်ပြောပေမယ့် သေချာတော့ မသိရသေးဘူး။ ပစ်ခတ်သံတွေတော့ကြားနေရတယ်” ဟု မြ၀တီမြို့မှ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

မြ၀တီမြို့ပေါ်ရှိ ဘဏ်များ၊ ရွှေဆိုင်များ၊ လုပ်ငန်းများ နှင့် မြို့မစျေးကြီးမှာ ယမန်နေ့ ဧပြီလ ၈ ရက်နေ့မှ စတင်ပိတ်ထားပြီး ယနေ့ ဧပြီလ ၉ ရက်နေ့တွင်လည်း ဆက်လက်ပိတ်ထားကြောင်း၊ မြန်မာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရသဖြင့် ထိုင်းဖုန်းနှင့် အင်တာနက်လိုင်းများကို အဓိက အသုံးပြုနေရကြောင်း၊ ကုန်စျေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရှိရသည်။

“ဘဏ်၊ ရွှေဆိုင်နဲ့ မြို့မစျေးက မနေ့ကလည်း ပိတ်တယ်။ ဒီနေ့လည်း ဆက်ပိတ်ထားတယ်။ အင်တာနက်လိုင်းမရတော့ အွန်လိုင်း ငွေကြေး စီးဆင်းမှု ပြတ်တောက်နေတယ်။ ထိုင်းဖုန်းရတဲ့နေရာမှာတော့ ငွေလဲလို့ရတယ်။ ဒါပေမယ့် ရာခိုင်နှုန်းမြင့်တက်သွားတယ် ။ ကုန်စျေးနှုန်း ၂ ဆက်တယ်။ ဆန်ကြမ်း တစ်ပြည်ကို ၇၀၀၀ လောက် ဖြစ်နေတယ်။ မြို့ခံတွေကတော့ တစ်နေ့လောက်ကတည်းက စပြေးနေကြပြီ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ် မတ်လ မြ၀တီကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စိမ်းလဲ့မြိုင်ကားဝင်း #မြ၀တီမြို့ရှိ ဘဏ်နှင့်ရွှေဆိုင်များ

၂၀၂၃ ခုနှစ် မတ်လ မြ၀တီကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article