23 C
Yangon

တောင်သာမြို့နယ် ၊ ဘုရားလှကျေးရွာတွင် စစ်သားစုဆောင်းနေသော အုပ်ချုပ်ရေးမှူးအိမ်ကို ဝင်ရောက်စီးနင်းမှု စစ်သား ၃ ဦးသေဆုံး

Must read

စစ်ကူလာသော မြင်းခြံပျူစောထီးစစ်ကြောင်း၊ ထနောင်းကုန်းပျူစောထီးနှင့် ဇရပ်ကြီးရွာ ပျူစောထီးများကို တိုက်ခိုက်ရာ စစ်တပ်နှင့် ပျူစောထီးဘက်မှ သေဆုံးမှုများပြား

ရန်ကုန်၊ ဧပြီ ၁၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ၊ ဘုရားလှကျေးရွာတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစစုဆောင်းနေသော အုပ်ချုပ်ရေးမှူးအိမ်ကို ဝင်ရောက်စီးနင်းမှု စစ်သား ၃ ဦးသေဆုံးကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ၏ နေအိမ်ကို ဝင်ရောက်စီးနင်းကြောင်း၊ အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးသေဆုံးပြီး အုပ်ချုပ်ရေးမှူး၏ အစ်ကိုဖြစ်သူနှင့် အမေဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့အတူ ယင်းနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ဘုရားလှကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့ စစ်ကူလာသော မြင်းခြံမှ ပျူစောထီးခေါင်းဆောင် သီတာယုမွန် တပည့်များနှင့်အတူ ပူးပေါင်းလာသော စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက် ခဲ့ကြောင်း၊ ယင်းမိုင်းဆွဲမှုတွင် ဗျူဟာမှူး ကားကိုမိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး ဗျူဟာမှူးလည်း လည်ပင်းပြတ်ရှ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၅၈ မိနစ်အချိန် တောင်သာမြို့နယ် ဇဂျမ်းစခန်းအတွင်း ပူးပေါင်းနေထိုင်သော ထနောင်းကုန်းပျူစောထီးများက စစ်ကူလာရန် ဇရပ်တခုတွင် ယာယီအထိုင်ချ ပြည်သူများကို တားဆီးစစ်ဆေးနေစဉ် မိုင်းခွဲတိုက်ခိုက်ရာ ပျူစောထီး ၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန် တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာတွင် တပ်စွဲထားသော စစ် ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲချရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ မစ်ရှင်၄ ခုအတွင်း ပျူစောထီး ၁၁ ဦး သေဆုံးပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ ဗျူဟာမှူး ၁ ဦးနှင့် စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေးများကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ တောင်သာမြို့နယ်ပလဖ၊ မလှိုင်မြို့ နယ် ပကဖ၊ မြင်းခြံရင်း ၁၊ မြင်းခြံရင်း ၈၊ မြင်းခြံပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တောင်သာမြို့နယ် #အုပ်ချုပ်ရေးမှူးအိမ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article