ရန်ကုန်၊ ဧပြီ ၂၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးစခန်းကို ရော့ကတ်လက်နက်ကြီး အလုံး ၈၀ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၁၉ ရက် နံနက် ၇ နာရီခန့်မှ စတင်ပြီး မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ ထုတ်လုပ်ထားသော ၂ မိုင် ပစ် ရော့ကတ် အလုံး ၅၀ နှင့် ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းမှ ထုတ်လုပ်ထားသော ၁ မိုင်ခွဲ ပစ် ရော့ကတ် အလုံး ၃၀ တို့ ရှေ့ပွိုင့် ၂ နေရာခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်ခဲ့သည့် ရော့ကတ် အလုံး ၈၀ တွင် ၅၃ လုံးမှာ ပစ်မှတ်နေရာများကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ထပ်တိုးသေတာတော့မသိရသေးပါဘူး၊ ဒဏ်ရာရတဲ့သူတွေကိုတော့ မုံရွာမြို့ကို ကားတွေနဲ့ သယ် သွားပါတယ်။” ဟု မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ထိုသို့ ထိမှန်ပေါက်ကွဲမှုများကြောင့် ပျူစောထီး ခေါင်းဆောင်အိမ်အပါအဝင် အိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဒိုင်နာ ၂ စီး၊ အံစာတုံး ၁ စီးဖြင့် မုံရွာမြို့သို့ သယ်ယူသွား ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း မအူဂိတ်ရှိ အကြမ်းဖက်စစ်သားများက ၈၁ မမ လက်နက်ကြီးဖြင့် ၃ လုံး ပြန်လည် ပစ်ခတ်ခဲ့ရာ ၁ လုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနီး မီတာ ၂၀၀ ခန့်အကွာ၌ ကျရောက်ခဲ့သော်လည်း အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Special Guerilla Force (SGF)monywa၊ မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေး တပ်မတော်(Chindwin Attack Force) တပ်ရင်း ၄ ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ -Monywa The Boys၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၄ တပ်ခွဲ ၁ Spring Dove ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၄ 5/ Teachers People Defence Force၊ မုံရွာခရိုင်တပ်ရင်း ၃ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆)နှင့် မုံရွာ ခရိုင် တပ်ရင်း ၅တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော ပျူစောထီးရွာ ၂ ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone အဖွဲ့) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၈ ရက်နေ့တွင် ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော ဆင်မရဲပျူစောထီးရွာနှင့် ဟင်္သာပျူစောထီးရွာတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း ဆင်မရဲကျေးရွာမှ စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဟင်္သာပျူစောထီးကျေးရွာမှ ပျူစောထီး ၁ ဦး သေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ်(၁) 27 Revolution Forces Drone အဖွဲ့ နှင့်အတူ Urban Underground Revolution Force YSO ၊ မြင်းခြံခရိုင် Drone တပ်ဖွဲ့ MDDS ၊ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့၊ ဒေါင်းသွေး နီပျောက်ကျားတပ်ဖွဲ့၊ Royal Eagle People Defence Force၊ ညီနောင်သုံးဖော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင်လိုကယ်တပ်ပေါင်းစု၊ ဂျိုးပျံ ပကဖ ကမ္မ၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃၊ နယ်စည်းမခြားဖရီးဒန်းဖက်ဒရယ် စစ်ကြောင်း ၁ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တောပုရွာ ပျူစောထီး စခန်း #ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်
