22 C
Yangon

Breaking News – မောင်တောမြို့နယ်ရှိ စစ်အင်အား ၅၀၀ နီးပါးရှိသော နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ၍ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေး

Must read

ရန်ကုန်၊ မေ ၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်အင်အား ၅၀၀ နီးပါးရှိသော စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းဖြစ်သော ကျီးကန်းပြင်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တပ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

AA က ကျီးကန်းပြင်ဌာနချုပ်ကို ဧပြီလ ၂၅ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး မေလ ၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် အပြီး သတ် သိမ်းပိုက်သွားခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် စစ်သားများ ရာချီ၍ ဘင်္ဂလားဒေ့ရှ်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။

“နယ်ခြားစောင့် ကျီးကန်းပြင်ဌာနချုပ် ကျသွားပါပြီ။ ၄ လပိုင်း ၂၅ ရက်နေ့မှာ သူတို့ဘက်က စတိုက်တာ။ တပ်ဘက်က အကျအဆုံးများပါတယ်။ သူတို့ဘက်က ဒရုန်းတွေလည်း သုံးတယ်။ ဌာနချုပ်မှာ အင်အား ၅၀၀ နီးပါးရှိတာ။ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း အများကြီးပဲ ပြေးရတယ်။ ရာဂဏန်းအထက်ပဲ။ သေဆုံးသူတွေလည်းများတယ်။ အရှင်အဖမ်းခံရသူတွေ လည်းရှိတယ်။ ဒီဘက်က စစ်ကူခေါ်ပါတယ်။ လေကြောင်းပစ်ကူကလွဲရင် မြေပြင် စစ်ကူ ကြည်းတပ်က မရောက်လာဘူး” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် ကျီးကန်းပြင်ဌာနချုပ်တစ်ခုလုံး AA ၏ လက်အောက်သို့ ကျရောက်သွားပြီး ကျီးကန်းပြင်နယ်ခြားစောင့်တပ်စခန်းဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ယမန်နေ့ည ၁၂ နာရီအချိန်တွင် လုံး၀ အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #နယ်ခြားစောင့်တပ်စခန်းဌာနချုပ် #ကျီးကန်းပြင်ဌာနချုပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article