ရန်ကုန်၊မေ ၇
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံ Green Party ၏ လွှတ်တော်အမတ်များနှင့် မေလ ၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နယူးဇီလန်လွှတ်တော်အတွင်းတွင် အရေးယူဆောင်ရွက်မှု ကိစ္စရပ်များ ပိုမိုတိုးမြှင့် လုပ်ဆောင်ပေးရန်၊နယူးဇီလန် အစိုးရအနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ပိုမိုတက်ကြွ ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန် တိုက်တွန်းခြင်းများအပြင် သိရှိလိုသည့် မေးခွန်းများကို အပြန်အလှန် ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




