32 C
Yangon

သံတွဲမြို့နယ် ပြွန်ခေါင်တောင် ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၊ စစ်သားများ တပ်စွဲထားသော လင်းသီရွာကိုလည်း မှားယွင်း ဗုံးကျဲသွား

Must read

ရန်ကုန်၊ မေ ၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြွန်ခေါင်တောင် ပတ်ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေပြီး စစ်သားများ တပ်စွဲထားသော လင်းသီရွာကိုလည်း မှားယွင်း ဗုံးကျဲသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သံတွဲမြို့နှင့် ၁၅ မိုင်ခန့်ဝေးသော ပြွန်ခေါင်တောင်နှင့် ပတ်ဝန်းကျင် တောတောင်များကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများ တပ်စွဲထားသော လင်းသီရွာကိုလည်း မှားယွင်း ဗုံးကျဲသွားပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ဒီနေ့ ၂ နာရီလောက်က သံတွဲမြို့နဲ့ ၁၅ မိုင်ခန့် အကွာမှာရှိတဲ့ ပြွန်ခေါင်တောင်နဲ့ ပတ်ဝန်းကျင် တောတွေကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးလာကျဲသွားတယ်။ အဝေးကလည်း လက်နက်ကြီးနဲ့ပါ လှမ်းပစ်နေတယ်။ ရင်ဆိုင်တိုက်ပွဲတော့မရှိဘူး။ ဒီနေ့ ပထမဆုံး ဗုံးလာကျဲတဲ့ လေယာဉ်က စစ်ခွေးတွေ တပ်စွဲထားတဲ့ လင်းသီရွာထဲကို ဗုံးကျဲသွားတယ်။ မပေါက်ဘဲ ကျန်ခဲ့တဲ့ ဗုံးသီး ၁ လုံးကို စစ်ခွေးတွေက ပြန်တူးယူသွားတယ်ပြောတယ်။ စစ်တပ်က အဲ့ရွာထဲမှာဆိုတော့ တမင်တော့ ဗုံးမချလောက်ဘူး။ ထိခိုက်မှုတော့ မရှိဘူး။ ပြည်သူတွေလည်း မထိခိုက်ဘူး။ အိမ်တွေကြားက​ အိမ်ယာ အလွတ်တည့်တည့်ကို ဗုံးသီးကကျတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article