ဒီကနေ့ မေ ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်း၊ တောင်ငူမြို့က တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် စစ်သား ၁၀ ဦးသေပြီး တိုက်လေယာဉ်ထားရာ ဂိုဒေါင်ပြိုကျမှုကြောင့် တိုက်လေယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့သလို K8 Hangar ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ Mountain Knights Civilian Defense Force (MKCDF) ဆီကသိရပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နယ်ကို စစ်အင်အားတွေနဲ့ ခဲယမ်းတွေ အလုံးအရင်းနဲ့ ပို့ဆောင်နေပြီး စစ်ရေးအရ အဆင်သင့် ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
- ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ မနေ့က စစ်ကောင်စီလက်အောက်ခံ BGF တပ်သားတချို့နဲ့ KNLA တပ်သားတချို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းဘက်ကို ထွက်ပြေးရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar