25 C
Yangon

ရန်ကုန်-မော်လမြိုင် လမ်းပေါ်ရှိ ဘီးလင်းတံတား မိုင်းခွဲခံရပြီး ကျိုးသွားပြန်၊ ညပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနံက်ပိုင်းတွင် တံတားကျိုးသွား

Must read

ရန်ကုန်၊ မေ ၁၁

ရန်ကုန်-မော်လမြိုင် လမ်းပေါ်ရှိ ဘီးလင်းတံတားသည် ယနေ့ နံနက်အစောပိုင်းတွင် မိုင်းခွဲခံရပြီး ကျိုးသွားကြောင်း ဒေသပြည်သူများနှင့်ကားသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် လမ်းပေါ်ရှိ ဘီးလင်းတံတားမှာ မိုင်းခွဲခံရသဖြင့် လုံး၀ သုံးမရအောင် ပျက်စီးသွားကြောင်း သိရှိရသည်။

“ညက တိုက်ပွဲဖြစ်တယ်။ နံနက်အစောပိုင်းမှာ တံတားကျိုးသွားတယ်။ ဘီးလင်းမြို့နယ်ထဲမှာပါတာ တံတားက။ အခုတော့ ကားတွေ ဖြတ်မရတော့ ကားတွေ တန်းစီးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း ကျိုးကျနေသော ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှ ဘီးလင်းတံတား။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article