ပခုက္ကူမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးရှောင်ပြည်သူများကို ရွှေရင်အေး တိုက်ကျွေး
ရန်ကုန်၊ မေ ၁၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးရှောင်ပြည်သူများကို ရွှေရင်အေးတိုက်ကျွေးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၁၉ ရက်နေ့တွင် နွေရာသီအပူဒဏ်ကို အံတုရင်း နေရပ်စွန့်ခွာထွက်ပြေး နေရသည့် ပြည်သူ ၉၀၀ ခန့်ကို Anna’s Supporting Team နှင့် SCDRD တို့မှ ပူးပေါင်းပြီး Young Force UG တပ်ဖွဲ့အတွက်ပြုလုပ်လျက်ရှိသည့် “အစုံဖြည့်တင်း သူပုန်မြေနင်းမယ်” ရန်ပုံငွေကမ်ပိန်း ကမ်ပိန်း ကူညီခြင်းနှင့်အတူ စစ်ဘေးရှောင်ပြည်သူများကို ရာသီရာရွှေရင်အေးတိုက်ကျွေးကာ အဟာရ ဒါနပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့်လည်း “အစုံဖြည့်တင်း သူပုန်မြေနင်းမယ်” ကမ်ပိန်း လက်မှတ်တစ်စောင် လျှင် ၂၀,၀၀၀ ကျပ်နှုန်းဖြင့် ၀ယ်ယူနိုင်သည့် အပြင် ၅၀၀ ကျပ်၊ ၁,၀၀၀ ကျပ်မှစ၍လည်း ပါ၀င်အား ဖြည့်နိုင်ကြောင်း အသိပေးထားသည်။



