ရန်ကုန်၊ ဧပြီ ၂၃
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ရွာသာရွာကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် မီးရှို့လျက်ရှိကြောင်း၊ အိမ်ခြေ ၈၀၀ ကျော်ရှိသော ရွာသာရွာတွင် ရွာလုံးကျွတ် နီးပါး မီးလောင်ကျွမ်းနေပြီး စစ်တပ်က ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း၊ စစ်ဘေးရှောင် ပြည်သူတစ်ဦးမှာ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးသံကြောင့် လန့်၍ သေဆုံးသွားကြောင်း သိရှိရသည်။
“ရွာသားတစ်ယောက်ကတော့ လက်နက်ကြီးသံတွေကြားပြီး နှလုံးဖောက်ပြီးဆုံးသွားတယ်။ အိမ်ခြေ
၈၀၀ ကျော်ရှိတာမှာ လောလောဆယ်ရွာအရှေ့ပိုင်းကတော့ကုန်ပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် မိမိတို့၏ ကျေးရွာများကို စစ်တပ်က မီးရှို့နေပြီး မီးလောင်ပြာကျမှုများကို စစ်ဘေးရှောင်ရင်း ထိုင်ကြည့်နေရမှု အခြေအနေမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းသည်ဟု ရွာသားများက ပြောဆိုကြသည်။