30 C
Yangon

KNU တပ်မဟာ ၂၊ KNDO တပ်ရင်း ၄ နယ်မြေရှိ ကျီးချောင်းနှင့် ကိုးဒေးစစ်ကောင်စီစခန်းများ ၁၅ ရက်အတွင်း စခန်းများ ရုတ်သိမ်းရန် KNDO ထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၂၅

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂တောင်ငူခရိုင်၊ KNDO တပ်ရင်း ၄ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်က နယ်မြေကျူးကျော်တပ်စွဲထားသော ကျီးချောင်းစခန်းနှင့် ၄၈ မိုင် ကိုးဒေးစခန်းများမှ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ၁၅ ရက်အတွင်း တပ်စခန်းများရုတ်သိမ်းရန် KNDO တပ်ရင်း ၄ က ယနေ့ ဧပြီလ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

တောင်ငူမြို့နယ်၊ ကျီးချောင်းဒေသရှိ စစ်ကောင်စီစခန်းနှင့် သံတောင်ကြီးမြို့နယ် ရေသိုးကြီးကျေးရွာအနီးရှိ ကိုးဒေးစစ်ကောင်စီစခန်းများ တည်ရှိနေခြင်းကို KNDO တပ်ရင်း ၄ အနေဖြင့် လုံးဝ (လုံးဝ) လက်မခံနိုင်ကြောင်း၊ စာထုတ်ပြန်သည့်နေ့မှ ၁၅ ရက်အတွင်း အပြီးတိုင် ရုတ်သိမ်းထွက်ခွာရန်နှင့် ရက်ကျော်လွန်ပါက နောက်ဆက်တွဲကိစ္စများကို တာဝန်ယူမည်မဟုတ်ကြောင်း KNDO ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီစခန်းများသည် ကရင်လူထုနှင့် တိုင်းရင်းသားများ၊ ပြည်သူများအတွက် မည်သည့် အကောင်းကျိုး သက်ရောက်မှုမျှ မရှိသည့်အပြင် လူထုအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းများ၊ တောင်ယာလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ၌ အဟန့်အတား အခက်အခဲဖြစ်နေကြောင်း လူမှုစီးပွားဘဝများ ထခိုက်နေကြောင်း KNDO က ဆိုသည်။

အဆိုပါ စခန်းဝန်းကျင်ရှိ မိုင်းကွင်းများကြောင့် နေ့စဉ်သွားလာနေထိုင်စားသောက်ရန် ခက်ခဲနေခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဦးတည်ချက်မဲ့ ပစ်ခတ်နေမှုများကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်နေရသည့် ဒုက္ခများ ခံစားနေရကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၄ က ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ တပ်မဟာ ၅ ဖာပွန်ခရိုင်၊ တပ်မဟာ ၁ သထုံခရိုင် များတွင်လည်း အလားတူ ထုတ်ပြန်ထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ဆုတ်ခွာပေးခြင်းမရှိခြင်းကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့မှ သတိပေးပစ်ခတ်ခြင်းများ ရှိသလို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများလည်း ဖြစ်ပွားလျှက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article