27.4 C
Yangon

စစ်ကောင်စီကို ချက်ချင်း အရေးယူရန်၊ မြန်မာပြည်သူများ၏ လွတ် လပ်ရေးတိုက်ပွဲတွင် ပံ့ပိုးကူညီရန် နိုင်ငံတကာကို IUFက ILO ညီလာခံတွင် တိုက် တွန်း

Must read

ရန်ကုန်၊ ဇွန် ၁၃

အကြမ်းဖက် မြန်မာစစ်ကောင်စီကို ချက်ချင်း အရေးယူရန်၊ မြန်မာပြည်သူများ၏ လွတ်လပ်ရေးတိုက်ပွဲတွင် ပံ့ပိုးကူညီရန် နိုင်ငံတကာကို IUFက ILO ညီလာခံတွင် တိုက်တွန်းပြောဆိုလိုက်သည်။

ဇွန်လ ၁၁ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပလျက် ရှိသည့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations – IUF မှ Mr KIRILL BUKETOV က အကြမ်းဖက်မှုများ ကျူး လွန်နေသည့် မြန်မာစစ်အုပ်စု ILO ၏ ဖွဲ့စည်းပုံဥပဒေနှင့်အညီ ချက်ချင်း အရေးယူရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ-NUGကသာ အခြေခံအလုပ်သမား အခွင့်အရေး နှင့် လူ့အခွင့်အရေးများ တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ NUG နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီလှုပ်ရှားမှုနှင့် မြန်မာပြည်သူများ၏ လွတ်လပ် ရေး တိုက်ပွဲတွင် ပံ့ပိုးကူညီရန် ILO နှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ၎င်းက တိုက်တွန်းပြောဆိုသည်။

Mr KIRILL BUKETOV က “စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာပြည်သူတွေက တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် IUF ဟာ ဒီညီလာခံမှာ NUG ကိုယ်စား ဒီစကားကို ပြောကြားရခြင်း ဖြစ်ပါတယ်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်ခွင့်အပါအဝင် အခြေခံအခွင့်အရေးများနှင့် ဒီမိုကရေစီကို လိုလားတောင့်တနေသော အလုပ်သမားများ၊ အလုပ်ရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် မြန်မာပြည်သူတစ်ရပ်လုံးရဲ့ စစ်မှန်တဲ့ အသံလည်း ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုဟာ ကျေးရွာ၊ နေအိမ်ထဲထိ ဝင်ရောက်ပြီး အဓမ္မစစ်သားစုဆောင်းနေတာ၊ ပြည်ပထွက်ခွာခွင့်တွေ ကန့်သတ်ပိတ် ပင်တာစတဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုးဆိုးရွားစွာ လုပ်ဆောင်နေပါတယ်။ အလုပ် သမား များကို ပစ်မှတ်ထားသည်သာမက အလုပ်ရှင်များကို အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးနေတာတွေ ဆက် တိုက်လုပ်နေပါတယ်။ ILO စုံစမ်းစစ်ဆေးရေးကော်မရှင်(COI)ရဲ့ တိုက်တွန်းချက်များနှင့် ကုလသမဂ္ဂက မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်များအရ အကြမ်းဖက်မှုတွေ ကျူးလွန် နေတဲ့ စစ်တပ်ကို ၂၀၀၀ ပြည့်နှစ်ကကဲ့သို့ ILO Constitution ၊ Article 33 နှင့်အညီ ချက်ချင်းပြုလုပ်ဖို့ လိုအပ်ပါတယ်၊ မြန်မာပြည်သူတွေက မစောင့်နိုင်တော့ဘဲ သူတို့အပေါ် အကြမ်းဖက်မှုတွေ ဆက်ပြီး ကြီးထွားလာနေပါတယ်။” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်မှု၊ ဗုံးကျဲတိုက်တိုက်မှု လုပ်နေသော စစ်ကောင်စီကို ဖျက်သိမ်းလိုက်မှသာလျှင် NUG သည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အမှန်တကယ်ကာကွယ်ပေးပြီး မြန်မာနိုင်ငံနှင့် ထိုက်တန်သော အနာဂတ်ကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာစစ်အုပ်စုကို ပြတ်ပြတ်သားသား အရေးယူရမည့် အချိန်ရောက်ပြီဖြစ်၍ ILO နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်

(၁) NUG နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုနှင့် မြန်မာပြည်သူများ၏ လွတ်လပ်ရေးတိုက်ပွဲတွင် ပံ့ပိုးကူညီရန်၊

(၂) အချိန်မဆိုင်းဘဲ NUG ကို အသိအမှတ်ပြုရန် သို့မဟုတ် ၁၁၃ ကြိမ်မြောက် ညီလာခံ (ILC)တွင် NUG ကို အသိအမှတ် ပြုရန်

(၃) မြန်မာစစ်တပ်အား ကျူးလွန်မှုများကို တာဝန်ခံရန်၊ အဓမ္မစစ်သား စုဆောင်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီအရေး ဖိနှိပ်မှုများကို အဆုံးသတ်ရေး ILO ယန္တရားကို အသုံးပြုရန် ၎င်းက တောင်းဆိုသည်။

ထို့အတူ မြန်မာနိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာကို လေးစားလိုက်နာပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရာတွင် ILO နှင့် အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် NUG က အသင့်ရှိနေပြီဖြစ်ကြောင်း NUG ကိုယ်စား IUF မှ Mr KIRILL BUKETOV က ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article