27 C
Yangon

ပေါင်မြို့နယ်၊ ထန်းပင်ချောင်လေးရွာ အုပ်ချုပ်ရေးမှူး ချစ်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ ကျိုက်ထိုတွင် စစ်တပ် ကင်းပုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သားများ ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်လေးကျေးရွာအုပ်ချုပ်ရေးမှူး ချစ်ဝင်း ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ပေါင်မြို့နယ်၊ ထန်းပင်ချောင်လေးကျေးရွာရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ချစ်ဝင်း ၏ နေအိမ်သို့ သေနတ်သမား ၂ ဦးက ရောက်ရှိလာကြောင်း၊ ယင်းနောက် အုပ်ချုပ်ရေးမှူး ချစ်ဝင်း ထံမှ ဖုန်း ၂ လုံးနှင့် ပိုက်ဆံများတောင်းယူပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ချစ်ဝင်းသည် သေနတ်ဒဏ်ရာ ၅ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Black Eagle Forces (Thongwa PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ သစ်ဆိပ်ပင် ကျေးရွာနှင့် နံ့ရံကုန်းကျေးရွာ အတွင်း ကင်းပုန်းထိုးလာသော အင်အား ၆ဝ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်‌ရေး တပ်ဖွဲ့များက ၄ဝ မမ ဗုံးသီး ၆ လုံး၊ အီနာဂါ ဗုံးသီး ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော ကြောင့် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အရေ အတွက်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း Black Eagle Forces (Thongwa PDF) မှ တာဝန်ရှိသူ က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Forces (Thongwa PDF) နှင့် Bahan’s Guerrilla Force (BPDF) တို့က လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်အာဏာရှင် စနစ်ကျရှုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်နေမည် ဖြစ်ကြောင်း Black Eagle Forces (Thongwa PDF) မှ တာဝန်ရှိသူ က ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article