29 C
Yangon

NUG ကျန်းမာရေး ဝန်ကြီးဌာနက ၃ နှစ်တာအတွင်း ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀‌ ကျော်နှင့် ကျောင်းသား ၁ သိန်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေး

Must read

ရန်ကုန်၊ ဇွန် ၁၄

အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက ၃ နှစ်တာအတွင်း ဆေးရုံ ၊ ဆေးခန်း၊ ရွေ့လျားဆေးခန်းပေါင်း ၇၀၀ ကျော်နှင့် ကျောင်းသား ၁ သိန်းကျော်ကို ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၁၆ ရက်နေ့အထိ ၃ နှစ်တာကာလအတွင်း NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံ ၇၇ ၊ ဆေးခန်း ၃၇၇ နှင့် ရွေ့လျား ဆေးခန်း ၂၅၀ စုစုပေါင်း ၇၀၄ ခုတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ၃ နှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ခွဲစိတ်ခြင်းနှင့် လွှဲပြောင်းကုသခြင်း တို့ လုပ်ဆောင်ခဲ့ပြီး ပဏမကျန်မာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေးတွင် ပြင်ပလူနာ (ဆေးခန်း ၊ ရွေ့လျားဆေးခန်း) ၊ မိခင်၊ ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ ကူးစက်ရောဂါ(TB/HIV/Malaria) ထိန်းချုပ်ရေး၊ ကာကွယ်ဆေး ထိုးနှံခြင်း၊ အာဟာရဖွံ့ဖြိုးခြင်း ၊ ကျန်းမာရေးပညာပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကျောင်းကျန်းမာရေးအတွက် ကျောင်းသားပေါင်း ၁ သိန်းကျော်ကို ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကရင်နီပြည်နယ်များရှိ ကျောင်းပေါင်း ၉၆၂ ကျောင်းမှ ကျောင်းသားစုစုပေါင်း ၁၂၃၀၀၀ ခန့်ကို စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စာသင်ကျောင်းပေါင်း ၁၅၀၀ အတွက် အရေးပေါ် ကျောင်းကျန်းမာရေးဆေးများ ဖြန့်ဝေပေးကာ ရှေးဦးသူနာပြုစုနည်းသင်တန်းများလည်း ပို့ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှုတွင်မူ ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၄ ခုနှစ်အထိ ပြင်ပလူနာ ၁,၁၅၈,၃၇၇ ၊ အသေးစား အကြီးစား ခွဲစိတ်မှုပေါင်း ၄၀,၁၆၉ ၊ လူနာလွှဲပြောင်း ပို့ဆောင်မှု ၄၁၄၀ တို့ လုပ်ဆောင်ခဲ့ကာ အဆိုပါ အချက်အလက်များသည် ကျန်းမာရေးဆေးရုံ ဆေးခန်း ၇၀၀ ကျော်အနက် ၂၂၁ ခု၏ သတင်းပို့သည့် အစီရင်ခံစာများကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်ကာ အမှန်တကယ် ကုသမှုခံယူခဲ့သော လူနာအရေအတွက်သည် ဖော်ပြထားသည်ထက် ၃ ဆကျော် ပိုမိုများပြားနိုင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article