30 C
Yangon

အမေရိကန်၊ Connecticut မြို့တွင် “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲ ပြုလုပ်ပြီး ရရှိသော ရန်ပုံငွေများကို တော်လှန်ရေးအတွက် ထောက်ပို့လှူဒါန်းမည်

Must read

အမေရိကန်၊ Connecticut မြို့တွင် “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲ ပြုလုပ်ပြီး ရရှိသော ရန်ပုံငွေများကို တော်လှန်ရေးအတွက် ထောက်ပို့လှူဒါန်းမည်

ရန်ကုန်၊ ဇွန် ၁၅

အမေရိကန်ပြည်ထောင်စု၊ Connecticut မြို့တွင် “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲ ပြုလုပ်ကြောင်း သိရှိရသည်။

ဒေါင်း၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ် အပါအဝင် အခြားသရုပ်ဆောင်များ ပါဝင်သော “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲကို အမေရိကန်နိုင်ငံ Connecticut မြို့မှာ မှာ ပြုလုပ်ခဲ့ပြီး ယင်း ရုပ်ရှင်ပြပွဲများကို Artists’ Shelter က ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ထိုရုပ်ရှင်ပြပွဲများမှ ရရှိလာသော ရန်ပုံငွေများကို တော်လှန်ရေးအတွက်လိုအပ်လျက်ရှိသော နေရာများကို ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။

“သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ”ရုပ်ရှင်ပြပွဲကို မြို့ပေါင်း ၂၀ ကျော်တွင် ပြသခဲ့ပြီး နောက်ထပ်လည်း ပြသရန်ကြောင်း၊ North Carolina တွင် ဇွန်လ ၁၅ရက်နေ့နှင့် ဂျပန်နိုင်ငံ Fukuoka မြို့တွင် ဇွန် လ ၁၆ ရက်တို့တွင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆောင်းစုကြည်၏ မွေးနေ့နှင့်အတူ ပူးပေါင်းကာပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article