34 C
Yangon

မောင်တောတွင် ထိုးစစ်ဆင်မည်ဖြစ်၍ ပြည်သူများအားလုံး ထွက်ခွာပေးရန် AA သတိပေးမှု စစ်ဘေးရှောင် ပြည်သူများအတွက် ထွက်ခွာသွားရမည့်နေရာ နှင့် လမ်းညွှန်ချက်များ စီစဉ်ပေးရန် လိုအပ်ဟု NUG ဒုဝန်ကြီး ပြောဆို

Must read

မောင်တောတွင် ထိုးစစ်ဆင်မည်ဖြစ်၍ ပြည်သူများအားလုံး ထွက်ခွာပေးရန် AA သတိပေးမှု စစ်ဘေးရှောင် ပြည်သူများအတွက် ထွက်ခွာသွားရမည့်နေရာ နှင့် လမ်းညွှန်ချက်များ စီစဉ်ပေးရန် လိုအပ်ဟု NUG ဒုဝန်ကြီး ပြောဆို

ရန်ကုန်၊ ဇွန် ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်တပ် စခန်းအားလုံးကို ထိုးစစ်ဆင်မည်ဖြစ်၍ ပြည်သူများအားလုံး ထွက်ခွာပေးရန် AA သတိပေးထားသော်လည်း စစ်ဘေးရှောင် ပြည်သူများအတွက် ထွက်ခွာ သွားရမည့် လွတ်မြောက်နယ် မြေ စီစဉ်ပေးရန်နှင့် လမ်းညွှန်ချက်များ ပေးရန် လိုအပ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ထောက်ပြပြောဆိုသည်။

ယမန်နေ့ည ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီအချိန်မှ စတင်ပြီး မောင်တောမြို့အတွင်းမှ ပြည်သူများအားလုံး အမြန်ဆုံး ချက်ချင်း ထွက်ခွာကြရန် ရခိုင်တပ်တော်-AAက သတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

“စကစကို အမြစ်ပြတ်တိုက်ရမှာတော့ ဟုတ်တယ်။ ဒါပေမယ့် မောင်တောလိုနေရာမျိုးမှာ ရိုဟင်ဂျာတွေချည်းရှိတာဆိုတော့ ရိုဟင်ဂျာတွေဟာ တခြားလူမျိုးတွေလို လွတ်လပ်လပ်သွားလာခွင့်မရှိလို့ တခြားမြို့တွေကို ထွက်ပြေးတိမ်းရှောင်လို့မရဘူု။ စစ်တွေသွားလို့ရရင်တောင် စကစ က ဖမ်းမှာ။ သေချာ လမ်းညွန်ချက်ပေးရမှာ။ လွတ်မြောက်နေရာကို သွားရမလား စဖြင့်ပေါ့။ ထွက်သွားခိုင်းတယ် ဆိုတဲ့ တာဝန်ကျေ ကြေညာချက်တခု ထုတ်လိုက်တယ်။ ည သန်း ခေါင်အချိန်။ ဒါနဲ့ ပြီးပြီလား ။ တာဝန်ယူမှု တာဝန်ခံမှုပိုရှိဖို့လိုတယ်။ အရပ် သားတွေကို အကာကွယ်ပေးခက်ခဲမှုတွေရှိပေမယ့် ထိခိုက်နစ်နာမှုအနည်းဆုံး ဖြစ်အောင် လုပ်ဖို့လိုတယ်။ စကစကို တော်လှန်တာအားပေးတယ် ၊ထောက်ခံတယ် ။ သို့သော် အရပ်သားပြည်သူတွေကို အကာကွယ်ပေးဖို့ စိန် ခေါ်မှု၊ ခက်ခဲမှုတွေကြား အကောင်းဆုံးလုပ်ပေးဖို့လိုပါတယ်။ ရိုဟင်ဂျာတွေ ထိတွေ့ပြီး လုပ်ရင် ဒါမျိုးက ပိုထိရောက်မယ်။ အင်တာနက်မရှိ ဘာမရှိ။ စာထုတ်တာကို ဘယ်လိုသိကြမလဲ။ အဲဒီလူတွေ ။မောင်တောမှာ ပြည်သူ ရှစ်သောင်းကျော်လောက်ရှိတယ်” ဟု NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက ထောက်ပြသည်။

ယမန်နေ့ညပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန် စခန်းအားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူ အားလုံး ချက်ခြင်း ထွက်ခွာပေးရန် ရခိုင်တပ်တော် AA က သတိပေး ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် မောင်တောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းများ အားလုံးနီးပါးကို ရခိုင်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ် သိမ်း ပိုက်ထားပြီး မောင်တောမြိုနှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ အကြမ်း ဖက် စစ်တပ်၏ လက်ကျန်စခန်းများအားလုံးကိုလည်း ရခိုင်တပ်တော်က ဝိုင်းရံ ပိတ် ဆို့ ဖြတ်တောက်ထားကြောင်း သိရသည်။

အဆိုပါ လက်ကျန်စခန်းများ အားလုံးကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့ မည်ဖြစ်သောကြောင့် မောင်တောမြို့နေ ပြည်သူများ၏ အသက်အန္တရာယ် ကို စိုးရိမ်သောကြောင့် မောင်တော မြို့နေ ပြည်သူများ အနေဖြင့် ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီအချိန်မှ စတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်း ထွက်ခွာကြရန် ရခိုင်တပ်တော်က သတိပေးထားခြင်းဖြစ်သည်။

အကြမ်းဖက် စစ်တပ်သည် မောင်တောမြို့ကို ၎င်းတို့၏ စစ်စခန်းများ သဖွယ် အသုံးပြုပြီး မြို့ပြ စစ်ဆင်ရေး ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာ လ အတန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ မောင်တော မြို့သူမြို့သားများအနေ ဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်ကြောင်း ရခိုင်တပ်တော်က ပြောဆိုသည်။

ဓာတ်ပုံ- NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article