32 C
Yangon

စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် တန့်ဆည်မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ်၊ မကွေးတိုင်း ရေစကြိုတွင်လည်း ပန်းသပိတ်ပြုလုပ်

Must read

စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် တန့်ဆည်မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ်၊ မကွေးတိုင်း ရေစကြိုတွင်လည်း ပန်းသပိတ်ပြုလုပ်

ရန်ကုန်၊ဇွန် ၁၉

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် လူငယ့်အားမာန် သပိတ်စစ်ကြောင်းနှင့်အတူနှင့် ယင်းမာပင် အနောက်ခြမ်း ကျေးရွာတစ်ရွာရှိ ပြည်သူများပူးပေါင်းကာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” ဘန်နာကိုင်ဆွဲကာ လူထုသပိတ်တိုက်ပွဲ ချီတက်ခဲ့ကြကြောင်း သိရှိရသည်။

တန့်ဆည်မြို့နယ် ကျေးရွာတစ်ရွာမှ အမျိုးသားညီညွတ်ရေးအစိုးရကျောင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသူ၊ကျောင်းသားများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို ကျင်းပခဲ့ကြပြီး ပုံတူပန်းချီပြိုင်ပွဲ၊ ကဗျာ ပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြို့နယ် ပ.က.ဖ၊နွေဦးစစ်သည် YSO ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့ ဦးဆောင်ကာ ရေစကြိုမြို့နယ်ပြည်သူလူထုနှင့်အတူ ပန်းသပိတ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆန္ဒပြပွဲတွင် “ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဘန်နာစာသားနှင့်အတူ တပ်ဦး အလံလွင့်ထူကာ သပိတ်စစ်ကြောင်းလှည့်လည်ခဲ့ကြပြီး အထိုင်သပိတ်ပြုလုပ်ကာ သပိတ် တရားများ ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article