33.6 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်း ဝန်းကျင် စျေးတန်းဖြင့် အရောင်းအဝယ် လိုက်လာ

Must read

ရန်ကုန်၊ ဇွန် ၂၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်များရှိလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဇွန်လ ၂၀ ရက်နေ့ ပြည်တွင်းပြင်ပ စျေးကွက်တွင် ဒေါ်လာနှင့် ရွှေ အရောင်းအဝယ်များ ပြန်လည် လည်ပတ်လာကြောင်း၊ အဓိကအားဖြင့် ရွှေအရောင်းနှင့် အဝယ်မျှတစွာဖြင့် ပြန်လည် ရောင်းဝယ် လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေကတော့ ပြင်ပမှာ အရောင်းအဝယ်ပြန်ဖြစ်တယ်။ ငွေဖော်တဲ့သူကလည်းရောင်းတယ်။ ငွေမကိုင်ထားချင်သူလည်း ဝယ်တယ်။ အခေါက်ရွှေတစ်ကျပ်သား ၅၄ သိန်း တစ်ပတ်ချာလည်မှာ အရောင်း အဝယ်ဖြစ်တယ်။ စျေးကတော့ ငြိမ်နေတာ။ အဲဒီနားမှာပဲ” ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ထို့အတူ အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် ၄၅၀၀ ကျပ်အကြား အရောင်းအဝယ်ပေါ်မူတည်၍ ညှိနှိုင်းရောင်းချကြကြောင်း သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်ရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၅ သိန်း ၇ သောင်း သတ်မှတ်ထားသော်လည်း ယင်းစျေးနှုန်းဖြင့် မည်သည့် အရောင်းအဝယ်မှ မဖြစ်ဘဲ ရွှေဆိုင်တချို့က ဟန်ပြအရောင်းဝယ်သာဖြစ်ကြောင်း ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article