27 C
Yangon

နောင်ချိုမြို့ပေါ်ရှိ ရဲစခန်း၊ မိုးဇလရုံးနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို TNLA က သိမ်းပိုက်ပြီး မြို့ကို တော်လှန်ရေးတပ်များ ထိန်းချုပ်၊ မြို့ပေါ်မှ စစ်သားများ ထွက်ပြေးသွား​ပြီး မြို့ထဲသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ

Must read

ကျောက်မဲမြို့ပေါ်တွင်လည်း ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးတချို့ကို TNLA က သိမ်းယူ

ရန်ကုန်၊ ဇွန် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး အပါအဝင် ဌာနဆိုင်ရာ ရုံးများအားလုံးကို TNLA က သိမ်းပိုက်ထားပြီး မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး TNLA အပါအဝင် တော်လှန်ရေးတပ်များက နောင်ချိုမြို့နယ်တွင် စတင် ထိုးစစ်ဆင်ခဲ့ကြောင်း၊ နောင်ချိုမြိုနယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံး ၄ ကျဲချခဲ့ကြောင်း၊ နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ ၊ ခမရ ၁၁၄ နှင့် နောင်ချိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်ရှိ နေရာတချို့ကိုလည်း သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

“နောင်ချိုမြို့ပေါ်မှာ စစ်ခွေးတွေ နေရာချထားတာ ၃ နေရာပဲရှိတယ်။ အဲဒါက ပျူစောထီးရုံးလို့ ခေါ်တဲ့ စစ်မှုထမ်းဟောင်းရုံး၊ မိုးဇလရုံးနဲ့ ရဲစခန်း အဲဒီနေရာ ၃ ခုပဲ စစ်တပ်က အထိုင်ချထားတာ။ အခု အဲဒီရုံး ၃ ခုလုံးမှာ စစ်ခွေးတွေမရှိတော့ဘူး။ အကုန်ထွက်ပြေးကြပြီ။ မြို့ပေါ်ကတော့ TNLA နဲ့ တော်လှန်ရေး တပ်တွေက ထိန်းထားနိုင်ပြီ။ မြို့နယ်ခန်းမနဲ့ မြို့ထဲက ဆိုင်တွေမှာ တော်လှန်ရေးတပ်တွေရှိနေတယ်” ဟု နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီမှစတင်ပြီး စစ်ကောင်စီတပ်များက နောင်ချိုမြို့လယ်ခေါင်နှင့် မြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး နောင်ချိမြို့နယ်ဆေးရုံဘက်သို့ လက်နက်ကြီးများ တောက်လျှောက် ကျရောက်ပေါက်ကွဲနေကြောင်း သိရှိရသည်။

“မနေ့ညက တစ်ညလုံး တိုက်ပွဲက ငြိမ်သွားတယ်။ မနက် ၅ နာရီမှ ပြန်ပြီး တိုက်ကြတာ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ မြို့လယ်ခေါင်နဲ့ နောင်ချိုဆေးရုံဘက်ကို ပစ်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

နောင်ချိုမြို့နယ် ခမရ ၁၁၄ ၊ ၁၁၅ ၊ တပ်မတော်(ကြည်း) အမှတ် ၆၀၆ ဒုံးတပ် ရင်းတို့ဘက်တွင်လည်း ပစ်ခတ်သံများကြားနေရပြီး ယင်းတပ်ရင်းများကို TNLA က ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“ခမရ ၁၁၄ နဲ့ ခမရ ၁၁၅ က မန္တလေး ဘက်ကအဝင် နောင်ချိုဆိုင်းဘုတ်နားမှာ။ တပ်မတော်(ကြည်း) ၆၀၆ ဒုံးတပ်ရင်းက ဂုတ်ထိပ်တံတားအဝင်လမ်း၊ နောင်ချိုရပ်စောက်လမ်းပေါ်မှာပါ။ တပ်တွေဘက်မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်” ဟု ဒေသပြည်သူကရှင်းပြသည်။

လတ်တလော ကျောက်မဲမြို့ပေါ်တွင်လည်း TNLA နှင့်တော်လှန်ရေးတပ်များ ဝင်ရောက်နေရာယူထားပြီး ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးတချို့ကို သိမ်းပိုက် ထားနိုင်ပြီဖြစ်ကြောင်း၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာမည့် အလားအလာရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – တအာင်းအမျိုးသားအလံ အလံလွှင့်ထူနေသော TNLA တပ်ဖွဲ့ဝင် ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တအာင်းအမျိုးသားအလံ အလံလွှင့်ထူနေသော TNLA တပ်ဖွဲ့ဝင် ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article