27 C
Yangon

မတ္တရာ၊ အင်ကြင်းမြိုင်ကျေးရွာရှိ လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ကျော် အဆက်အသွယ်ပြတ်တောက်နေ

Must read

ရန်ကုန်၊ ဇွန် ၂၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာရှိ အမှတ် ၁၀၁၄ လေ ကြောင်းရန် ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် အဆက် အသွယ်ပြတ်တောက်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်၊ ဆည်တော်ကြီးရေလှောင်တမံအနီး အင်ကြင်းမြိုင်ကျေးရွာရှိ အမှတ် ၁၀၁၄ လေ ကြောင်းရန်ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် အဆိုပါ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် အဆက်အသွယ်ပြတ်တောက် နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အရာရှိနဲ့စစ်သည် ၇၀ ကျော်နဲ့ မိသားစုဝင်တွေ အဆက်အသွယ်ပြတ်တောက်နေပါတယ်။ မနေ့ မနက် ၉ နာရီခွဲ လောက်မှာစပြီး အဆက်အသွယ်ပြတ်တောက် တယ်လို့သိရပါတယ်။ တိုက်ပွဲမှာ ထွက်ပြေးတာလား၊ အဖမ်းခံရတာလား၊ ကျဆုံးတာလား သေချာမသိရသေးဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၈ နာရီခန့်အချိန်မှ စတင်ပြီး မတ္တရာမြို့နယ်၊ အရှေ့ခြမ်းရှိ အကြမ်းဖက် စစ် ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ချိန် အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် အဆက်မပြတ် ဗုံးကျဲချခဲ့ကြောင်း သိရှိရသည်။

မတ္တရာမြို့နယ်၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တိုက်ခိုက်ရာတွင် မတ္တရာမြို့နယ်မှ တော်လှန်ရေးတပ်များအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်များလည်း ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article