25.8 C
Yangon

ကျောက်မဲရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တပ်ရင်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေ၊ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တို့ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်ပြီး ခမရ ၅၀၁ နှင့် ၅၀၂ တပ်ရင်းတို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ကျောက်မဲမြို့ပေါ်တွင် အခြေအနေ အေးဆေးတည်ငြိမ်ကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့ တိုက်ပွဲအတွင်း ကျောက်မဲမြို့နယ်ရှိ အကြမ်း ဖက် စစ်တပ် ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တို့ကို ရရှိပါက ကျောက်မဲမြို့နယ်တစ်ခုလုံးသည် စစ်တပ်ကင်းစင် နယ်မြေ ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်မဲမြိုနယ် တွင်စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် လာရောက်ဗုံးကျဲမှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဇွန် ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင်တစ်ကြိမ်၊ ညနေ ၄ နာရီတွင် တစ်ကြိမ်၊ ညနေ ၆ နာရီတွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် ၂ ၊ ၇ နှင့် ရှုခင်းသာတွင် ဗုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၁၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ‌ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်ရှိ အောင်မြေသာယာဘုန်တော်ကြီးကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထိခိုက် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article