27 C
Yangon

တနင်္သာရီမြို့နယ်၊ ကျေးရွာများကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့်ဥ ဗုံးကျဲမှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ဇွန် ၂၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ် တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်အချိန် တနင်္သာရီမြို့နယ် အတွင်းရှိ ကျွဲထိန်းကုန်းရွာနှင့် အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ပစ်မှတ်ထား၍ ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး အလုံး ၂၀ ခန့် ကျဲချခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

“အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပြည်သူတွေ နေ ထိုင်တဲ့ ကျေးရွားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ အကြောင်းမဲ့ဗုံးကျဲ သွားတာပါ။ စစ်ခွေးတွေက အခုလို အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အတွက် ကျေးရွာနေ ပြည်သူတွေ အထူး သတိရှိကြဖို့ အသိပေးချင်ပါတယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ် ကြောင်း ၁ က တာဝန်ရှိသူက သတိပေးပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article