33.6 C
Yangon

စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းကို လာကြိုသည့် စစ်ယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ကား ၂ စီးပျက်စီးပြီး သေဆုံးထိခိုက်မှုရှိနိုင် ၊ မတူပီတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းကို လာကြိုသည့် စစ်ယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကား ၂ စီးပျက်စီးပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း စေတုတ္တရာမြို့နယ်၊ မဏ္ဍပ်ကိုင်းကျေးရွာအနီး၊ ငဖဲ-စေတုတ္တရာကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို People’s Revolution Alliance (PRA-Magway) နှင့် Sidoktaya PDF က ပူးတွဲ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ယာဉ်တန်းသည် စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းကို အကြိုထောက်လာသော စေတုတ္တရာ၊ ကပစ-၂၀ ယာဉ်တန်းဖြစ်ကြောင်း သိရှိရသည်။

PDF ပူးပေါင်းတပ်၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂ စီး ပျက်စီးပြီး သေဆုံး အရေအတွက် စိစစ်ဆဲဖြစ်ကြောင်း၊ စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း PRA-Magway က သတင်းထုတ်ပြန်သည်။

ထို့ပြင် ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ချင်းပြည်နယ်၊ မတူပီမြို့မှမင်းတပ်ဘက်သို့ ပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီယဉ်တန်းသည် မိုင်တိုင် အမှတ် ၉၀- ၉၁ မိုင် အကြား CDF-Matupi နှင့်ထိတွေ့တိုက်ပွဲဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကြောင်း CDF မတူပီက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် ကံမြင့်သန်းနှင့်မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article