30 C
Yangon

စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာနယ်မြေ ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ၊ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

Must read

ရန်ကုန်၊ ဇူလိုင် ၃

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဒေသပြည်သူများနှင့်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲကင်းစခန်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲကင်းစခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော် လှန်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲပြင်းထန်နေခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာများ၊ လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကြားမှ အဆိုပါ နွယ်ရုံနယ်မြေရဲကင်းစခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

“နွယ်ရုံ ရဲစခန်းတော့ ရသွားပြီလို့ ပြောတယ်။ ထွက်ပြေးနေရတဲ့ ပြည်သူတွေကတော့ ရွာကို ပြန်လာလို့မရသေးဘူးလို့ PDF လေးတွေက လှမ်းပြောတယ်။ စစ်ဘေးရှောင်နေရတာက နွယ်ရုံရွာနဲ့ပတ်ဝန်းကျင် ရွာတွေအကုန်လုံးပဲ။ လူဦးရေကတော့ ထောင်နဲ့ ချီရှိတယ်။ လေယာဉ်တွေကတော့ ဝဲနေတုန်း လာပစ်နေတာရှိသေးတယ်။ ၃ ရက်လောက် တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တာ။ နွယ်ရုံရွာလည်း အတော်ပျက်စီးသွားတယ်။ ပြည်သူတွေလည်း ထိခိုက်သေဆုံးမှုရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဒေသတော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာက သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ပြီး စစ်ရေး အခြေအနေ ဆက်လက်တင်းမာနေ၍ မည်သည့် ဖြေဆိုမှုမှ လုပ်နိုင်သေးကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှုတချို့ရှိကြောင်း ပြောဆိုသည်။

“လက်နက်ကြီးတွေကို ကျောက်မြောင်းတပ်က ပစ်နေတယ်။ နွယ်ရုံစခန်းကတော့ မနေ့ည ကတည်းက ရသွားပါပြီ။ နွယ်ရုံရဲစခန်းကျသွားလို့ စစ်တပ်ကရွာကို အငြိုးထား လုပ်မှာဆိုးလို့ တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေရပါတယ်

။ ဘေးရွာက ပင်လယ်ကြီး စစ်ဆေးရေးဂိတ်မှာတော့ တိုက်ပွဲဆက်လက်ပြင်းထန်နေပါသေးတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့မှစတင်ပြီး မြိုနယ်ရဲတပ်ဖွဲမှူးရုံးအပါအဝင် အစိုးရရုံးတချို့ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲမှု အပါအဝင် စစ်ဆင်ရေးများ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ Photo- MOD။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ Photo- MOD။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article