30 C
Yangon

ကျောက်ပန်းတောင်းမြို့နယ်၊ မဲထီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးချစ်သိန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၃

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မဲထီးကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်သိန်း ကို နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Chauk Guerilla Force – CGF တာဝန်ခံ ကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်း၊ ချောက်မြို့နယ်နှင့်ထိစပ်လျက်ရှိသော မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မဲထီးကျေးရွာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးချစ်သိန်းကို နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

“ကျနော်တို့တပ်ဖွဲ့က မမြင်ဖူးပေမယ့် နယ်ခံတပ်ဖွဲ့ပါတယ်။ ကျနော်တို့က သူတို့ကို အုပ်ကြီး ဘယ် သွားလဲမေးတဲ့အချိန်မှာ သူက လိမ်တာပေါ့၊ အုပ်ကြီးခရီးသွားတယ်ဆိုပြီး၊ နယ်ခံတပ်ဖွဲ့က အဲဒါအုပ် ကြီးပဲ ပြောတဲ့အချိန်မှာ ထွက်ပြေးတာ။ အဲဒါနဲ့လိုက်ပစ်ခဲ့တာ။ အလောင်းကိုတော့ စစ်ခွေးတွေ လာသယ် သွားတယ်လို့သိရတယ်။ ဘယ်ကို သယ်သွားလဲတော့ မသိဘူး။ အစစ်အဆေးတွေလည်း တင်းကျပ် တာရှိတယ်၊” ဟု Chauk Guerilla Force – CGF တာဝန်ခံ ကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerilla Force – CGF ၊ အာဠာဝက မြို့ပြပျောက်ကျားတပ်ဖွဲ့ နှင့် ကျောက်ပန်းတောင်းဇီးကွက်အဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေး မှူး ချစ်သိန်းထံမှ ဖုန်းတစ်လုံးသိမ်းဆည်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင် ၏ ဒေါက်တိုင်များ ဖြစ်ကြသော ပျူစောထီး၊ အုပ်ကြီးများကို ဆက်လက်အရေး ယူရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူလူ ထုကို ဒုက္ခပေးနေသည့် စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – အုပ်ချုပ်ရေးမှူးက ထွက်ပြေးရန် ကြိုးစားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အုပ်ချုပ်ရေးမှူးက ထွက်ပြေးရန် ကြိုးစားစဉ်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article