27 C
Yangon

ရွှေဘိုမြို့ အဝင်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အဝင်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်ကြီး ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရွှေဘိုမြို့ အဝင်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး လက်နက် ကောက်ယူရန် ကြိုးစားခဲ့သော စစ်ကူများ ရောက်ရှိလာ၍ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ရွှေဘို မုဒ်ပေါက်မှာ ပြည်သူပိုင် ကားနဲ့ ဆိုင်ကယ်တွေကို အဓမ္မစစ်ဆေး ငွေညှစ် ဓားပြတိုက်နေတဲ့ စစ်ခွေးတွေကို ရုတ်တရက်အလှစ်အငိုက် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၂ ကောင်နေရာမှာတင် သေဆုံးတယ်။ လက်နက် ကောက်ချိန်မရလို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ တော်လှန်ရေး ရဲဘော်တွေ အန္တရာယ်ကင်းပါတယ်” ဟု ဂဠုန်ကြီး ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံ တဂဏ နဂါးမင်း (ပကဖ) ၊ ဇာမဏီ (ပကဖ) ၊ ရှပ်တေး (ပကဖ) နှင့် ဂဠုန်ကြီး (ပကဖ) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article