30 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီရဲ့ ဝန်ကြီးဌာနတွေ နဲ့ ဦးစီးဌာနတွေရဲ့ လျှို့ ဝှက် အမိန့်တွေ ၊ ညွှန် ကြား ချက်တွေဟာ Viber Group ကနေ/တစ်ဆင့် ပေါက်ကြားခဲ့တယ်ဆိုပြီး Viber အသုံးပြု သတင်း ပေးပို့တာတွေကိုပါ လုံး၀ မပြုလုပ်ကြဖို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်ထဲရေး ဝန်ကြီးရာပြည့် က အမိန့်ပေးလိုက်ပြန်တယ်လို့ ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေ စစ်ဘေးရှောင်ဖို့ ကြိုးစားနေ ကြတာဟာ ကားတွေရာပေါင်းများစွာ ပိတ်မိနေကြတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်းက ရှမ်းမန်းစစ်ဆင်ရေးနယ်မြေအတွင်း PDF တပ်ဖွဲ့တွေက အကြမ်းဖက် စစ်ကောင်စီရဲ့ သံချပ်ကာ ကား ၁ စီးကို RPG နဲ့ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် ၊ စစ်ကောင်စီတပ်သားတွေကိုလည်း လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article