29 C
Yangon

ချောင်းဦးမြို့မစျေးတွင် ဈေးဝယ်ထွက်လာသည့် ရဲများကို ဓားဖြင့် ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မြို့မစျေးတွင် ဈေးဝယ်ထွက်လာသည့် ရဲများကို ဓားဖြင့် ဝင်ရောက် တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာ ခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ချောင်းဦးမြို့နယ် မြို့မစျေးတွင် ဈေးဝယ်ထွက်လာသည့် ရဲများ လူစုကွဲသွားစဉ် မုံရွာ ခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၄ မှ ရဲဘော်များက ရဲ ၁ ဦးကို အနီးကပ် ဓားဖြင့် ဝင်ရောက် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရဲတပ်သားသည် လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာ ၁ ချက်နှင့် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုကို ဖော်ဆောင်နိုင်ရန် အချိန် တစ်ပတ်ခန့် အချိန်ယူပြင်ဆင်ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးသွားသော ရဲတပ်သားထံမှ G -3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ကျည်ဆံ အတောင့် ၄၀ နှင့် Samsung ဖုန်းတို့ကို သိမ်းယူနိုင်ခဲ့ကြောင်း၊ Samsung ဖုန်းထဲမှ သေဆုံးသူ ရဲတပ်သား၏ Non CDM ဆရာမ လစာထုတ်ထားသော ထောက်ခံစာများကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ထင်တာက ရဲစခန်းမှူးလား။ မြို့နယ်မှူးလား တခုခုပေါ့။ ကတော်ကို လုံခြုံရေး လိုက်ပေးတဲ့ ရဲ ၅ ယောက်ကို ကျွန်တော်တို့က သူတို့ လူစုကွဲမယ့် အချိန် ကိုကြည့်နေတာ အတိုသမားကို လိုက်ရှာတာ မတွေ့တာနဲ့ တယောက်ထဲ ကျွံ နေတဲ့ ရဲ ကို ဓားသမားက ရှင်းလိုက်တာ ကျွန်တော်တို့ အခုလို မစ်ရှင် ဖော်‌ဆောင်နိုင်ဖို့ အတွက် လိုက်ပါ ကူညီပေးတဲ့ စစ်ကိုင်းတိုင်း ဒေသကာကွယ်ရေး တပ်ပေါင်းစုကို ကျေးဇူးအထူးတင်တယ်” ဟု မုံရွာ ခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း ဖြစ်စဥ်အပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဈေးထဲကို ရောက်ရှိလာပြီး သေနတ်ပစ်ခတ်ကာ စျေးသည်များကို ဒူးထောက်ခိုင်း၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ဈေးကို တနေကုန် ပိတ်ခိုင်းခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article