အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တွင် NUG အစိုးရ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ပြည်ပရောက် မြန်မာ တိုင်းရင်းသားများ တွေ့ဆုံပွဲ ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၄
အမေရိကန်နိုင်ငံ၊ အီလီနိုက်ပြည်နယ်၊ ချီကာဂိုမြို့တွင် အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် အမေရိကန်နိုင်ငံ အီလီနိုက်ပြည်နယ် ချီကာဂိုမြို့တွင်းရှိ နွေဦးတော်လှန်ရေး တိုင်းရင်းသားညီကိုမောင်နှများ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး NUG အစိုးရ တာဝန်ရှိ လူကြီးမင်းများနှင့် ချီကာကိုမြို့မှတိုင်းရင်းသား ညီအကိုမောင်နှမများမှ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်သည့် အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကျပြီး တက်ရောက်လာသူများမှ မေးမြန်းသည့် သိလိုသည့် မေးခွန်းများကို NUG တာဝန်ရှိ လူကြီးမင်းများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။


